Chapter 490

156 20 0
                                    

စာစဉ် 33 Chapter 490 နတ်ဘုရားကဲ့သို့သော သရုပ်ဆောင်စွမ်းရည်

"သရုပ်ဆောင်တယ်ဆိုတာ ဘာလဲ၊ ရှင်းရှင်းပြောရရင် အဲ့ဒါက လှည့်စားခြင်း တစ်မျိုးပဲ"

ရဲ့လင်းချန်က ခုံကိုမှီ၍ တည်ငြိမ်စွာ ပြောသည်။

"သနားစရာကောင်းအောင် သရုပ်ဆောင်တာ၊ ကံဆိုးသလို ဟန်ဆောင်တာ၊ ဟန်ဆောင်ပြီး မျက်ရည်ကျပြတာ၊ အဲ့ဒါတွေအားလုံးက သရုပ်ဆောင်တာပဲ၊ အခြေအနေနဲ့ နည်းလမ်းကို စိတ်ထဲ ထည့်မနေနဲ့၊ အခြားသူတွေကို လှည့်စားနိုင်ပြီး ကြည့်ရှုသူတွေက မင်းတို့ကို သနားလာသရွေ့ အဲ့သရုပ်ဆောင်တာ အောင်မြင်တယ်"

"အရေးအကြီးဆုံး အချက်က သရုပ်ဆောင်တာကို အဲ့ဒါ တစ်ခုတည်းနဲ့ ပြောလို့ မရဘူး၊ အဲ့ဒါက အခြေအနေပေါ်မှာ မူတည်တယ်၊ အခြေအနေက ရယ်ရမှာဆိုပင်မယ့် မင်းက ငိုနေတယ်၊ အဲ့ဒါဆိုရင် မင်း သရုပ်ဆောင်တာ ဘယ်လောက် ကောင်းကောင်း၊ အခြားသူတွေက ဘာမှ ခံစားမိမှာ မဟုတ်ဘူး၊ သရုပ်ဆောင်တာက ဇာတ်ညွှန်းကို အာရုံစိုက်ပြီး လုပ်သင့်တယ်၊ သရုပ်ဆောင်ဖြစ်ဖြစ် သရုပ်ဆောင်ခြင်းဖြစ်ဖြစ် အားလုံးက ဇာတ်ညွှန်းကို အသုံးချရတာပဲ၊ မင်း ဇာတ်လမ်းရဲ့ ဦးတည်ရာကို နားလည်မှဖြစ်ရမယ်၊ မင်း အဲ့ဒါကို ဆန့်ကျင်မယ်ဆိုရင် အားလုံးက ဆိုးရွားသွားလိမ့်မယ်"

ရဲ့လင်းချန်က အတွေးနက်နေပုံရသော လုရှောင်ပုနှင့် လင်းဝမ်ယွီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းတို့နှစ်ယောက်လုံး ဒုတိယအသင်းဆီသွားပြီး ဒီအခန်းကို ပြန်ပြင်ကြ"

ယခုတစ်ခေါက်သည် ပထမတစ်ခုနှင့် ယှဉ်လျင် အတော်လေး တိုးတက်လာသည်။

ထို့နောက် ရဲ့လင်းချန်သည် ချန်ချီချီနှင့် ဟူရီဖေးကို ဆက်၍ ခေါ်လိုက်သည်။ သူတို့ကို သူ သုံးသပ်ပြပြီး ရှင်းပြကာ အခန်းကို ပြန်ရိုက်စေသည်။

ကြည့်ရှုသူများအတွက် ရုပ်ရှင် ရိုက်ခြင်းက ရိုးရှင်းသည်ဟု ထင်ရပြီး ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ရန်သာ လိုအပ်သည်ဟု ထင်ရပေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now