Chapter 419

257 23 0
                                    

စာစဉ် 28 Chapter 419 ရန်စောင်နေသော မိန်းကလေး နှစ်ယောက်

အစီအစဉ်၏ ခေါင်းစဉ်က ဘဝ၏ ရုန်းကန်ခြင်း ဖြစ်သည်။ သို့သော် ဘာမှ ရုန်းကန်စရာ မရှိပေ။ လူတိုင်း စုဝေး၍ ထိုင်နေပြီး သက်တောင့်သက်သာ အနေအထားဖြင့် စကားပြောနေကြသည်။ အချိန်အများစုတွင် သူတို့က စားလျင်စား၊ မဟုတ်လျင် ကစားကြသည်။ ပတ်ဝန်းကျင်မှာ အလွန် ကောင်းမွန်လျက် ရှိသည်။ လူတိုင်း အလိုရှိသော ဘဝဟုပင် သတ်မှတ်နိုင်ပေသည်။

ရဲ့လင်းချန်က နေ့လယ်စာကို အသင့်အတင့် အရှိန်ဖြင့် ချက်ပြုတ်ခဲ့သည်။ ငါးက သုံးကောင် ရှိသဖြင့် မတူညီသော ချက်နည်းများသုံး၍ ငါးအားလုံးကို ချက်လိုက်သည်။

ဆီပြန်ချက်ခြင်း၊ ပေါင်းခြင်းနှင့် ငါးစွပ်ပြုတ်ဟင်းတို့ပင်။

ထိုငါးသုံးကောင်က အလွန် ကြီးသဖြင့် တစ်ပန်းကန်စီ၌ ငါးတစ်ကောင်တည်းသာ ရှိနေလျင်တောင်မှ မသင့်တော်ဟု မခံစားရပါ။

မိန်းကလေး နှစ်ယောက်က ရဲ့လင်းချန်နောက်သို့ ဆက်တိုက် လိုက်ကြည့်နေ၏။ ငါးက မချက်ရသေးသော်လည်း သူမတို့က ရဲ့လင်းချန်က ငါးများအား ကြိုတင်ပြင်ဆင်ပုံကို ကြည့်နေကြသည်။ ငါးနှင့်အတူ စုံလင်သော ဟင်းခတ် အမွှေးအကြိုင်များကို အစီအစဉ်တကျ ပြင်ဆင်လေသည်။

ရဲ့လင်းချန်၏ ချက်ပြုတ်ပုံက လူအများအား အေးချမ်းသလို ခံစားရစေသည်။ မောက်မာခြင်း၊ အလျင်လိုခြင်း မရှိဘဲ ကြော့ရှင်းသည်။

သူသည် ဟင်းမချက်ခင် ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်များကို အစီအစဉ်တကျ အမြဲ ပြင်ဆင်တတ်သည်။ သူ၏ ထိုအကျင့်က အလျင်စလို ပြုမူခြင်းအား ဟန့်တားပေးလေသည်။

မိန်းကလေးနှစ်ယောက်၏ နှုတ်ခမ်းထောင့်တွင် ကြည်လင်သော တံတွေးရည်တို့ ထွက်စပြုနေလေပြီ။ သူမတို့သည် စိတ်မရှည်တော့ဘဲ လောဘကြီးသော ကြောင်လေးများနှင့် တူနေလေ၏။

"လင်းချန်၊ ရှင် ဘာလို့ စမချက်သေးတာလဲ၊ ရှင် ဘယ်လောက်ကြာကြာ ပြင်ဆင်ဖို့ လိုမှာလဲ"

"ဒီငါးတွေက ကျွန်မတို့ ကြိုးစားပမ်းစား ဖမ်းထားရတဲ့ ငါးတွေလေ၊ ငါးတစ်ကောင်ချင်းစီက ကျွန်မတို့ ကြိုးစားမှုရဲ့ ရလဒ်ပဲ၊ ရှင်က ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ငါးဟင်းကို ချက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now