Chapter 430

213 16 0
                                    

စာစဉ် 29 Chapter 430 ကြောက်စရာကောင်းသော ရေဝိညာဉ် ခန္ဓာကိုယ်

တစ်ချိန်တည်းမှာပင် လူများစွာတို့သည် သတင်းကို ကြားပြီး ဝင်ကြည့်လာကြသဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုက ယခင်ကထက် ပို၍ စည်ကားနေ၏။

[အနာကွန်ဒါမြွေကြီးက ဘယ်မှာလဲ၊ ငါ ဘာလို့ မမြင်ရတာလဲ၊ လူလိမ်တွေပဲ]

[သေစမ်း၊ ရဲ့နတ်ဘုရားက အင်္ကျီမပါတာတောင် ကြည့်လို့ကောင်းနေတယ်]

[ဝေ့ပေါ်ပေါ်က ဆူဆူညံညံတွေကို မြင်ပြီး ငါ လာခဲ့တာ၊ အား ... ငါ ဘာတွေ လွတ်သွားပြီလဲ]

[ငါ့ရှောင်ရင်လေးအတွက် ငါ စိတ်မကောင်း ဖြစ်မိတယ်၊ သူ့ပါးပေါ်က မျက်ရည်စီးကြောင်းတွေနဲ့ သူ့ရဲ့ ဖြူရော်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး]

[မင်းတို့ ရှောင်ရင်ရဲ့ အကြည့်ကို သတိထားမိလား၊ သူ ရဲ့နတ်ဘုရားကို ကြည့်တဲ့ပုံက သူ့မျက်လုံးတွေ ကျွတ်တော့တော့မတတ်ပဲ၊ ဒါပဲလေ၊ သူ အခု နက်နက်ရှိုင်းရှိုင်းကြီး ချစ်မိသွားပြီ၊ ကယ်လို့ မရတော့ဘူး]

[သူရဲကောင်းတစ်ယောက်က မိန်းမလှလေးကို အန္တရာယ်တွင်းထဲက ကယ်တင်ခဲ့တာပဲ၊ ငါသာ သူ့နေရာမှာဆိုရင် ချက်ချင်း ရဲ့နတ်ဘုရားဆီ ခုန်ဝင်မိလောက်တယ်]

...

ဟူယွဲ့အာက ရဲ့လင်းချန်ကို ကြည့်ပြီး စိုးရိမ်နေသောအသံဖြင့် မေးလေသည်။

"လင်းချန် ရှင် အဆင်ပြေရဲ့လား"

"ငါ ဘာမှမဖြစ်ပါဘူး"

ရဲ့လင်းချန်က ခေါင်းခါရမ်း၍ ရယ်သည်။

"ဒီနေ့ နေ့လယ်စာက အဆင်သင့်ပဲ၊ အဲ့ဒီ အနာကွန်ဒါ မြွေကများ ငါတို့ ရှောင်ရင်ကို တိုက်ခိုက်ရဲတယ်တဲ့လား၊ ငါတို့ သူ့ကို ပြန်စားပြီး လက်တုံ့ပြန်ရမယ်"

"ဟားဟားဟား ... ဟုတ်တယ် ငါတို့ စားကိုစားရမယ်"

အချို့သော ရိုက်ကူးရေးဝန်ထမ်းများက အားပါးရတရ ရယ်မောနေပြီး တင်းမာသော အခြေအနေက လွင့်ပြယ်လာသည်။

ကျောက်လျန့်ရင်၊ ဟူယွဲ့အာနှင့် အခြား အမျိုးသမီး ရိုက်ကူးရေးများအားလုံးသည် အနာကွန်ဒါ မြွေကြီး၏ ကြောက်စရာကောင်းသော အဖြစ်အပျက်ကို သူတို့အတွေးထဲ၌ မြင်ယောင်နေဆဲဖြစ်ကာ အားလုံး မျက်နှာ ဖြူရော်နေကြသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Onde histórias criam vida. Descubra agora