Chapter 452

202 19 0
                                    

စာစဉ် 31 Chapter 452 ကျွန်တော်တို့ကို တွေ့သွားပြီလို့ ကျွန်တော် ထင်တယ်

ညခုနစ်နာရီခွဲတွင် ကျန်းယွင်ရှီနှင့် မီယာကိုတို့သည် အိမ်သို့ အချိန်မီ ပြန်ရောက်လာကြသည်။

ထိုအချိန်သည် ရဲ့လင်းချန် ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွက် သတ်မှတ်ထားသော လုပ်ငန်းချိန် ဖြစ်လေသည်။ အချိန်မှာ မနက် ခုနစ်နာရီမှ ညခုနစ်နာရီ ဖြစ်သည်။ ကျန်းယွင်ရှီ၏ အကျင့်စရိုက်အရ သူသာ ထိုသို့မလုပ်လျင် သူမသည် ညဆယ်နာရီ ကျော်သည်အထိ အလုပ်လုပ်နေလောက်သည်။

သူတို့၏ လုပ်ငန်းက မိတ်ကပ်နှင့် ပတ်သက်နေသဖြင့် နေ့ဘက်တွင် လူကျသည်က သဘာဝပင်။ လူတော်တော်များများသည် သူတို့၏ အလုပ်များနှင့် အစည်းအဝေးများကို နေ့ဘက်တွင်သာ လုပ်လေ့ရှိသည်။ ညဘက်၌ မိတ်ကပ်အတွက် လာတတ်သော အမျိုးသမီးများလည်း ရှိပေသည်။ ထိုအမျိုးသမီးများ ညဘက်၌ ဘာလုပ်သလဲဆိုသည်ကိုတော့ မပြောသည်က ပိုကောင်းပေသည်။

ရဲ့လင်းချန်သည် ထိုသို့သော ဧည့်သည်များကို ဝန်ဆောင်မှု ပေးချင်စိတ် မရှိပါ။

သူတို့ အိမ်သို့ ရောက်သည်နှင့် စံအိမ်တစ်ခုလုံးက အံ့ဩစရာကောင်းသော ရနံ့တစ်ခုနှင့် ပြည့်နှက်နေ၏။ ကျန်းယွင်ရှီ၏ ခန္ဓာကိုယ်လေးက ချက်ချင်း တောင့်တင်းသွားပြီး သူမမျက်ဝန်းတွင် မျက်ရည်များ ပြည့်နှက်လာသည်။

"လင်းချန်၊ နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီပဲ"

ကျန်းယွင်ရှီသည် မီးဖိုချောင်ထဲသို့ တန်း၍ ပြေးသွားပြီး ရဲ့လင်းချန်အား အနောက်မှနေ၍ တင်းကြပ်စွာ ဖက်ထားလေသည်။ သူမ သူ့ရင်ခွင်ထဲ၌ ပျော်သာဝင်လိုက်ချင်မိတော့သည်။

သူ မရှိသည့် အတောအတွင်း သူမသည် ရဲ့လင်းချန်နှင့် ပတ်သက်သော သတင်းများကို သူမ အဆက်မပြတ် နားစွင့်မိသည်။ သူမ ကြားလေလေ ပို၍ စိုးရိမ်မိလေလေ ဖြစ်ရသည်။ အထူးသဖြင့် ရဲ့လင်းချန် ဧရာမ စပါးအုံး မြွေကြီးနှင့် တိုက်ပွဲဝင်သည်ကို တိုက်ရိုက် ထုတ်လွှင့်နေစဉ်ကပင် ဖြစ်သည်။ ရဲ့လင်းချန် အဆင်ပြေကြောင်း သူမ သိနေသော်လည်း သူမ အိပ်မပျော်သော ညများကို ကြုံတွေ့နေရဆဲပင်။

ကျုပ်က ပါရမီရှင် (Chapter 401-600)जहाँ कहानियाँ रहती हैं। अभी खोजें