Chapter 405

266 31 0
                                    

စာစဉ် 27 Chapter 405 ဟူယွဲ့အာနှင့် ထပ်မံတွေ့ဆုံခြင်း

ကျောက်လျန့်ရင် အောက်ထပ်သို့ ဆင်းလာပြီး ရဲ့လင်းချန်ကို မြင်သွားလေသည်။ သူမသည် တစ်ခါမျှ ငိုင်နေပြီးမှ ထပ်မံ၍ နှုတ်ခမ်းစူလာ၏။

*အဲ့လူက နည်းနည်းတော့ ကြည့်ကောင်းသားပဲ*

"ရှပ် ရှပ် ရှပ်"

ထိုစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တံခါးဝ၌ အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦး ရပ်လာသည်။

"ဝိုး ... ရှင်က ... ဟူယွဲ့အာ မဟုတ်လား"

ကျောက်လျန့်ရင်သည် ဧည့်သည်ကိုမြင်သောအခါ တအံ့တဩ ရေရွတ်လိုက်မိသည်။

"ကျွန်မပါ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ရှင်က ကျောက်လျန့်ရင်လား"

ဟူယွဲ့အာက ကျောက်လျန့်ရင်ကို ခေါင်းညိတ်ပြပြီးနောက် ပြုံး၍ ဆက်ပြောလေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ ရှင့်ရဲ့ ဇာတ်လမ်းတွဲကို အမြဲ ကြည့်ဖြစ်တယ်"

သူမတို့အားလုံးသည် ဖန်သားပြင်ပေါ်မှ နတ်ဘုရားမလေးများ ဖြစ်ကြသည်။ သူမတို့က လူချင်း မရင်းနှီးကြ သော်လည်း အချင်းချင်းအကြောင်း သိကြပါသေးသည်။

"အစ်မယွဲ့အာ၊ ရှင့်ရဲ့ သရုပ်ဆောင် အရည်အချင်းက အံ့ဩစရာပဲ"

ကျောက်လျန့်ရင်က ချက်ချင်း ဟူယွဲ့အာကို မှိုအိမ်လေးထဲ ဝင်စေသည်။

"ဆရာ ဟွမ်လေ့၊ ဆရာဟယ်ကျား၊ ဟူယွဲ့အာ ဒီကို ရောက်လာတယ်"

"ဝိုး ... နောက်ထပ် မိန်းမလှလေးတစ်ယောက်ပါလား၊ ဒီနှစ် ဧည့်သည်တွေက တကယ် ကံကောင်းတာပဲ"

"ကြိုဆိုပါတယ်၊ ငါတို့ရဲ့ မိသားစုကြီးကနေ ကြိုဆိုပါတယ်"

ဟယ်ကျားနှင့် ဟွမ်လေ့က သူမတို့ကို အပြုံးကြီးပြုံး၍ နှုတ်ဆက်လေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ခုနက ဖုန်းကိုင်တာ ဘယ်သူလဲ မသိဘူး"

ဟူယွဲ့အာက မိတ်ဆက်စကား ပြောပြီးနောက် ချက်ချင်း လိုရင်းကို တန်းမေးလေသည်။

"ဒါက ..."

လူတိုင်း ခေါင်းခြောက်သွားသည်။ သူတို့၏ အကြည့်များက အပြင်ဘက် ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ ကျရောက်သွားသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now