Chapter 456

191 18 0
                                    

စာစဉ် 31 Chapter 456 ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ကျဆုံးခန်းကို ထိုင်စောင့်ခြင်း

တကယ်တမ်းတွင် ချောင်ရှန်ရှန်သည် ထိုသို့ အလွန်အကြူး ပြောဆိုထားသည့် ကြော်ငြာများကို လုံးဝ မယုံကြည်ပါ။

သို့သော် သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ပါ။ သူမ၏ ပျက်စီးသွားသော ရုပ်ရည်အတွက် မိတ်ကပ် နည်းလမ်းများ အသည်းအသန်ရှာ၍ ကြံရာမရ ဖြစ်နေချိန်တွင် ၎င်းသည် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်နေသည်။

ထို့ကြောင့် သူမ စမ်းကြည့်မည်ဟူသော စိတ်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။

လူတိုင်း၏ အကြည့်အောက်၌ သူမ ခြေတစ်လှမ်းချင်းစီ လှမ်းရန် အတော်လေး အားယူခဲ့ရသည်။ လူတိုင်း၏ ပြောဆိုသံများနှင့် ရင်ဆိုင်ရသောအခါ သူမ ခွေလုနီပါး ဖြစ်ခဲ့သည်။ သို့သော် သူမ သည်းခံထားခဲ့သည်။

သူမ စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် အားပေးနေပြီး ယင်းက သူမ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့သည်။ ယခုကဲ့သို့သော အချိန်၌ ဘုရားက သူမကို ကံထူးရှင် ဖြစ်အောင် လုပ်ပေးခဲ့သည့် အချို့သော အကြောင်းရင်းများ ရှိကိုရှိပေလိမ့်မည်။ ဘာတွေပဲ ဖြစ်နေပါစေ သူမ စမ်းကြည့်ရပေမည်။

နောက်ဆုံးတွင် သူမသည် မျက်လုံးကိုသာ ဖော်ပြီး ဝိုင်အလှကုန်ပစ္စည်းဆိုင်ထဲသို့ ဝင်သွားလေသည်။ ထိုမျက်လုံးများက လောကကို စိုးရိမ်တကြီး ကြည့်နေလေသည်။

တစ်ခါတုန်းက သူမ၏ မျက်လုံးများသည် တောက်ပ၍ ယုံကြည်ချက်တို့ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခု အရောင် မှေးမှိန်သွားလေပြီ။ ထိုမျက်ဝန်းတွင် သိမ်ငယ်ခြင်းနှင့် ရှောင်တိမ်းလိုခြင်းတို့သာ ရှိနေလေသည်။

"ရှင် ရောက်လာပြီပဲ၊ ခဏလေး စောင့်ပါဦးနော်၊ မိတ်ကပ် ပညာရှင်က မကြာခင် ရောက်လာတော့မှာပါ"

ကျန်းယွင်ရှီက ချောင်ရှန်ရှန်အတွက် ထိုင်ခုံ ပြင်ဆင်ထားပြီး ဖြစ်ကာ သူမအတွက် ရေတစ်ခွက် ထည့်ပေးလေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now