133

427 42 0
                                    

   "ငါ ဒီနေ့ အများကြီး ရခဲ့တာပဲ။ ဒီနေ့ ခေါက်ဆွဲပြုတ်ကို ကြက်အူချောင်း ၂ချောင်း ထည့်ပြီး ညစာ စားရမယ်"

ကျန့်လီရှင်း သူ့ထက် နည်းနည်း မြင့်တဲ့ ယောက်ျား တစ်ယောက်ရဲ့ ပခုံးကို သိုင်းဖက်ကာ ပြောလိုက်သည်။ အဲဒီလူရဲ့ မျက်နှာမှာ ဘာအမူအရာမှ ရှိမနေခဲ့ဘဲ ရေခဲတုံးလို အေးစက်နေခဲ့သည်။ ဒါပေမဲ့ ကျန့်လီရှင်း က သူ့ကို လုံးဝ မကြောက်ပေ။ ကျန့်လီရှင်း ထပ်ပြောလိုက်သည်။

"ရေခဲတုံး ရှန့်၊ မင်း ဘာလို့ မပျော်ဘူး ဖြစ်နေတာလဲ?"

ရေခဲတုံး ရှန့် လို့ အခေါ်ခံလိုက်ရတဲ့ လူရဲ့ နာမည် က ရှန့်ထျန်း ဖြစ်ပြီး သူက ဘာအသံမှ ထွက်မလာခဲ့ရုံမက တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ သူ့ရဲ့ ကြွက်သားတွေ က တောင့်တင်းနေပြီး ပတ်ပတ်လည် က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

ကျန့်လီရှင်း ပျင်းစရာကောင်းတာကြောင့် နှုတ်ခမ်း စူထားလိုက်သည်။ ကမ္ဘာပျက်ကပ် ဖြစ်လာတာ ၂လကြာသွားပြီ ဖြစ်တာကြောင့် သူတို့ရဲ့ တည်ငြိမ်တဲ့ ဘဝက ထိုအချိန်မှစပြီး ပျောက်ကွယ်သွားခဲ့သည်။ လူတွေ ကို စားတဲ့ ဖုတ်ကောင်တွေ ရှိနေတဲ့အပြင် သူတို့ ကို အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ တခြားလူတွေကိုလည်း သတိထားနေခဲ့ရသည်။ ဒါပေမဲ့ သူက ကံကောင်းတယ် ပြောရမယ်၊ ကမ္ဘာပျက်ကပ်မှာ စွမ်းရည် နိုးထလာခဲ့သည်။

သူ့ရဲ့ စွမ်းရည်က အလယ်အလတ် ဒါမှမဟုတ် အထက်တန်း အဆင့်အဖြစ် သတ်မှတ်လို့ ရတာကြောင့် ကမ္ဘာပျက်ကပ်လို အချိန်မှာ အကောင်းဆုံး ဖြစ်တယ်ဆိုတာ ပြောနေစရာ မလိုခဲ့ပေ။ လူတော်တောများများ က သူ့ကို အနှောင့်အယှက် ပေးဖို့ ဆိုတာကို မစဉ်းစားရကြချေ။ ပြောရမယ်ဆိုရင်တော့ ကမ္ဘာပျက်ကပ် ဖြစ်လာတာနဲ့ သူနဲ့ အတူတူ ကြီးပြင်းလာခဲ့တဲ့ ညီအစ်ကို အနောက် ကို လြိုက်ခဲ့သည်။ ဖုတ်ကောင်တွေ သတ်ဖို့ အဖွဲ့ဖွဲ့လိုက်ပြီး ကမ္ဘာပျက်ကပ်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ကို လိုက်ရှာခဲ့ကြသည်။ သူတို့ အဖွဲ့ က ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့ပြီး ယုံလို့ရတဲ့ လူတွေ ဖြစ်တာကြောင့် အရမ်းကြီး သတိထားနေစရာ မလိုခဲ့ချေ။ သူတို့ တစ်ဖွဲ့လုံး က တစ်ခြားလူတွေထက် သန်မာပြီး တခြားသူတွေထက် ပိုစားနိုင်ကြသည်။ ကမ္ဘာမပျက်ခင်တုန်းကလိုမျိုး မနေရပေမယ့် သူတို့ရဲ့ ဘဝ က အတော်လေး အဆင်ပြေနေခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Onde histórias criam vida. Descubra agora