137

453 60 1
                                    

   ဒီတစ်ခါမှာတော့ zombieလေး က ရေထဲမှာ အကြာကြီး မနေခဲ့ပေ။ သစ်သားစည်ထဲ က ရေတွေ ၁စင်တီမီတာလောက် လျော့ကျသွားပြီး နောက် zombieလေး ထွက်လာခဲ့သည်။ ကိုယ်လုံးတီး ဖြစ်နေပြီး နီရဲတဲ့ ရေတွေ စိုရွှဲနေတဲ့ မျက်ဝန်းတစ်စုံ က မော့ရန် ကို စိုက်ကြည့်နေခဲ့သည်။ ဖြူဖော့ပြီး တောင့်တင်းနေတဲ့ လက်၂ဖက် ကို မော့ရန်ဆီ ဆန့်ထုတ်လာခဲ့သည်။

'ဖက်ပေးဖို့ တောင်းဆိုနေတာလား?'

မော့ရန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ မပျောက်တော့ပေ။ သူ့ရဲ့ zombieလေး က ဘယ်လောက် ချစ်ဖို့ကောင်းတယ်ဆိုတာ ကို စိတ်ထဲ အကြိမ်ကြိမ် ချီးကျူးနေမိသည်။

သူ့ရဲ့ နေရာလွတ်ထဲ က မျက်နှာသုတ်ပုဝါ အသစ်စက်စက် တစ်ခု ထုတ်လိုက်ပြီး ရေတွေ စိုရွှဲနေတဲ့ zombieလေး ကို ထုပ်ပိုးလိုက်သည်။ သူ့ရဲ့ zombieလေး ကို ဖက်ထားလိုက်ပြီး ဘေးနားက ကုတင်ပေါ်မှာ တင်ပေးလိုက်သည်။

မော့ရန် zombieလေးရဲ့ တို့ဟူး ကို စားရင်းနဲ့ zombieလေးရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက်နဲ့ ရေသုတ်ပေးလိုက်သည်။ ထို့နောက် zombieလေး ဝတ်ဖို့ အဝတ်အထည် ကို ထုတ်လိုက်သည်။

မော့ရန်ရဲ့ နေရာလွတ်ထဲရှိ အရာဝတ္ထု အများစု က အသုံးမဝင်တာတွေ များတာကြောင့် ရှုပ်ပွနေခဲ့သည်။ အထဲမှာ ပစ္စည်းတွေ အများကြီး ရှိတာကြောင့် zombieလေးနဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေ ကို ရှာမတွေ့ခင်အထိ ခဏလောက် ရှာဖွေခဲ့ရသည်။

Zombieလေးကို အဝတ်အစားတွေ ကို ဝတ်ပေးပြီးနောက် zombieလေးရဲ့ ဆံပင် ကို ခြောက်သွေ့သွားအောင် သူ့ရဲ့ စွမ်းအားသုံး၍ ပတ်ဝန်းကျင်ရှိ အပူချိန် ကို ထိန်းချုပ်လိုက်သည်။ သူ့zombieလေးရဲ့ ဆံပင် တစ်ချို့ က ရှည်ပြီး တစ်ချို့ က တိုနေတာကို တွေ့လိုက်ရတော့ နေရာလွတ်ထဲ က ကတ်ကြေး ကို မရ၊ ရအောင် ရှာကာ လိုက်မယ့် ပုံစံလေး ညှပ်ပေးလိုက်သည်။

ပြောရမယ်ဆိုရင် သူ့ရဲ့ ဆံပင်ညှပ်တဲ့ အရည်အချင်း က မဆိုးပေ။ Zombieလေး ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးပြီးနောက် သူ့zombieလေးရဲ့ လှပမှု က အဆင့်တစ်ခု တက်သွားပုံရသည်။

လိမ်လိမ်မာမာနဲ့ ထိုင်နေတဲ့ zombieလေး ကို ဖက်လိုက်ပြီး zombieလေးရဲ့ နှုတ်ခမ်းတွေ ကို ထိကြည့်လိုက်သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now