142

597 112 0
                                    

  ရင်းနှီးနေတဲ့ ဟိန်းဟောက်သံကြောင့် မော့ရန် တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူ zombieလေး ကို ဖက်ထားပြီး ကုတင်ပေါ်တွင် ထိုင်ကာ စိတ်ရှည်ရှည်နဲ့ သင်ပေးလိုက်သည်။

"မော့ရန်"

စကား ကို အလေးအနက် ပြောလိုက်သည်။

Zombieလေး က ခေါင်းကို စောင်းပြီး လိုက်ပြောခဲ့သည်။

"ဂါး.. ဂါး!"

သူ့ရဲ့ baby က အဆင့် တက်သွားတာ မဟုတ်ဘူးလား?

မော့ရန် အကောင်းဘက် က တွေးလိုက်သည်။ အခု zombieလေး က ခံစားချက် တစ်ချို့ ကို ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ မော့ရန် zombieလေး ကို နမ်းလိုက်သည်။

"ကိုယ် အရမ်း စိတ်လောသွားတယ်"

အမြုတေ ရဖို့ အတွက် သူ ဖုတ်ကောင်တွေ အမဲလိုက်ရလိမ့်မယ်၊ သူ့zombieလေး အဆင့် ၆ ဒါမှမဟုတ် အဆင့်၇ ရောက်သွားခဲ့ရင် စကားပြောနိုင်မှာလား?

မော့ရန် စိတ်ကို လျှော့လိုက်သည်။ သူ zombieလေး ကို ဖက်ထားရင်း ပြောလိုက်သည်။ သူ အရမ်း သဘောကျရတဲ့ မျက်လုံးတွေ ကို မြင်လိုက်ရတော့ မနေနိုင်ဘဲ နမ်းပြီးရင်း နမ်းနေမိသည်။

Zombieလေး က မော့ရန် နဲ့ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်နေတာ ကို သဘောကျသည်။ နီရဲနေတဲ့ မျက်ဝန်းတစ်စုံ က တောက်ပနေခဲ့သည်။ သူက မော့ရန် နမ်းလို့ရအောင် ခေါင်းကို မော့ပေးလေ့ရှိသည်။

နှုတ်ခမ်းတွေ က အေးပြီး ပျော့ပျောင်းနေခဲ့သည်။ အရင်တုန်းကနဲ့ ယှဉ်ရင်တော့ အများကြီး ပိုကောင်းလာခဲ့သည်။

မော့ရန် စိတ်အားထက်သန်နေတဲ့ zombieလေး ပွတ်သပ်တာ ခံလိုက်ရတော့ နည်းနည်း စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ တစ်ခါလောက် စမ်းကြည့်ချင်ပေမယ့် နောက်ဆုံးမှာတော့ သူ့အကြံကို စွန့်လွှတ်လိုက်ရသည်။ လောလောဆယ်မှာတော့ ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ နေလိုက်ဦးမယ်။

အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်အေးအောင် လုပ်လိုက်သည်။ ထို့နောက် နည်းနည်း ပျော့ပျောင်းသွားတယ်လို့ ထင်ရတဲ့ zombieလေးရဲ့ တင်ပါးကို လက်နဲ့ ပွတ်သပ်လိုက်သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now