148.1

588 95 2
                                    

   ကားက တော်တော်ကျယ်သည်။ မော့ရန် သူတို့ နှစ်ယောက် မျက်နှာသစ်ပြီးနောက် သူ့နေရာလွတ်ထဲက ရေကို zombieလေးအား တိုက်လိုက်သည်။ အဲဒီနောက်မှာတော့ အမြုတေတွေ ထုတ်လိုက်ပြီး စားခိုင်းလိုက်သည်။ သူ့zombieလေးကို ကျွေးပြီးနောက် ဟူကျောင်း ပေးလာတဲ့ ဆန်ပြုတ်ကို သောက်လိုက်သည်။

ဆန်ပြုတ်ကို သောက်ပြီးနောက် မော့ရန် ပေါင်မုန့်ကို ထုတ်ကာ ဝက်အူချောင်း တစ်ချို့နဲ့ ဆော့စ် ထည့်ကာ စားလိုက်သည်။

အပြင်မှာ အေးနေတာကြောင့် ကားထဲမှာလည်း မထူးခြားပေ။ Zombieလေး က အပူ၊ အအေး ကို မခံစားရသလို မော့ရန် က မိုးကြိုး စွမ်းအား နဲ့ မီးစွမ်းအား ရှိနေတာကြောင့် အအေးဒဏ်ကို မခံစားခဲ့ရပေ။

မနက်စာ စားပြီးနောက် မော့ရန် က zombieလေးကို အဝတ်အစား လဲပေးလိုက်ပြီး နေကာမျက်မှန် တပ်ပေးလိုက်သည်။ အဲဒီနောက်မှာတော့ zombieလေးနဲ့ အတူတူ ကားပေါ်က ဆင်းသွားပြီး ဟူလင်းရီတို့ကို ပန်းကန်လုံး ပြန်ပေးလိုက်သည်။

အပြင်မှာ ရေခဲနေခဲ့သည်။ ဟူလင်းရီတို့ မသွားနိုင်သလို ကားရှိတဲ့ မော့ရန်လည်း သွားလို့မရခဲ့ပေ။

သူက ယဉ်ကျေးမနေခဲ့ပေ။ သူက zombieလေးကို ဖက်ထားရင်း ဟူလင်းရီတို့ ဖိုထားတဲ့ မီးဖိုဘေးမှာ ထိုင်ချလိုက်သည်။

ဟူကျောင်းနဲ့ ကျန်တဲ့လူတွေ က သူ့ရဲ့ လုပ်ရပ်ကြောင့် မော့ကြည့်လိုက်မိသည်။ မော့ရန် ကို စတွေ့တဲ့ အချိန်ကတည်းက သူ့မှာ အေးစက်နေတဲ့ မျက်နှာထား ရှိနေခဲ့သည်။ အဲဒါကြောင့် မော့ရန် က မပြုံးတတ်ဘဲ လေးနက်တဲ့လူတစ်ယောက်လို့ သူတို့ တွေးထားခဲ့ကြသည်။

အဲဒါကြောင့် မော့ရန် ရဲ့ လုပ်ရပ် က သူတို့ရဲ့ အထင်အမြင်တွေ ကို ချိုးဖောက်ခဲ့သည်။

မော့ရန် က ဘာမှမခံစားရပေ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းလာတဲ့ အခါ ဘယ်သူ့ကိုမဆို ညီအစ်ကို၊ မောင်နှမတွေလို့ ခေါ်တတ်သည်။ အသိအမှတ် ပြုထိုက်တဲ့ ညီအစ်ကို တစ်ယောက်ကို တွေ့တာနဲ့ ဘယ်အကြောင်းအရာမဆို သူ ပြောပြနိုင်သည်။

သူသာ အလိုရှိမယ်ဆိုရင် ဟန်ဆောင်နိုင်တဲ့ မျက်နှာဖုံး ရာကျော်လောက် ရှိလာနိုင်သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now