132 Arc 8: Big Bossကြီးရဲ့ Zombie​လေး

1.2K 56 0
                                    

Arc 8: Big Bossကြီးရဲ့ Zombie​လေး

စနစ် က ချန်းဟောင်ဆီ က ဝိညာဉ်စွမ်းအား ကို လက်ခံလိုက်ပြီး ချန်းဟောင် ကို လူပြန်ဝင်စားလို့ရအောင် လုပ်ပေးကာ ပိုင်ချန်ဆီ ပြန်လာခဲ့သည်။ စနစ် ပြန်ရောက်လာတော့ အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့လူ က ပိုင်ချန်ရဲ့ ကုတင်ဘေးမှာ ထိုင်နေတာတွေ့လိုက်ရသည်။

စနစ် စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ခေါ်လိုက်သည်။

[သခင်]

မော့ယွမ်ရဲ့ အကြည့်တွေ က တိမ်ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ကလေးလေးဆီမှာပဲ ရှိနေပြီး ခေါင်းကို အသာလေး ညိတ်လိုက်သည်။ ထို့နောက် သူ့ရဲ့ သွယ်လျပြီး သန်မာတဲ့ လက်ကို စနစ်ဆီ ဆန့်ထုတ်လိုက်သည်။

စနစ် က သူ ပြောချင်တာကို နားလည်သွားပြီး သန့်စင်တဲ့ ဝိညာဉ်စွမ်းအား ကို မော့ယွမ်ရဲ့ လက်ဖဝါးပေါ်မှာ တင်ပေးလိုက်သည်။

မော့ယွမ် က ဝိညာဉ်စွမ်းအား ကို လက်တစ်ဖက်က ကိုင်ထားလိုက်ပြီး နောက်လက်တစ်ဖက် က သွေးရောင်လို နီရဲနေတဲ့ ပုလဲတစ်လုံး ကို ထုတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်တွေ ကို အခိုးအငွေ့အဖြစ် သန့်စင်လိုက်ပြီး ပုလဲထဲ ထည့်လိုက်သည်။

စနစ် တစ်ဖက်ကနေ ကြည့်ပြီး ရှုပ်ထွေးသွားခဲ့သည်။ သွေးပုလဲမှာ အရမ်း အစွမ်းထက်တဲ့ စွမ်းအင်တွေ ပါနေတာ ကို သူ ခံစားလို့ရနေပေမယ့် ပုလဲ က ဘယ်ကနေ ရလာတာလဲဆိုတာ မမေးရဲပေ။

သူ့ရဲ့ သခင်မှာ အဲဒီလို လုပ်ရတဲ့ အကြောင်းအရင်း ရှိမှာ သေချာနေတာကြောင့် သူ စဉ်းစားနေစရာ မလိုအပ်ခဲ့ချေ။ ဒီသွေးပုလဲ က သူ့ရဲ့ သခင်လေးအတွက်ဆိုတာ သေချာနေခဲ့သည်။ သူ့သခင်လေး အတွက် သူ့သခင် လုပ်ပေးနေတာတွေ ကို ကြည့်ပြီး စနစ် ဂုဏ်ယူနေခဲ့သည်။

ဒီကမ္ဘာမှာ သူ့သခင်လောက် သူ့သခင်လေး ကို ဂရုစိုက်ပေးနိုင်တဲ့သူဆိုတာ မရှိပေ။ သခင်လေး ကို ကာကွယ်ပေးတဲ့နေရာမှာ သူ့သခင်ကို မှီတဲ့လူ မရှိချေ။

သူ့ရဲ့ သခင် က....

သန့်စင်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအား က ပုလဲထဲ လုံးဝ နစ်မြုပ်သွားတဲ့အချိန်မှာ မော့ယွမ် က ပုလဲကို ပိုင်ချန်ရဲ့ နဖူးပေါ် တင်လိုက်သည်။ ပိုင်ချန်ရဲ့ နဖူးဆီ လက်ကို ဆန့်ထုတ်လိုက်ပြီး လှုပ်ရှားမှု အနည်းငယ် လုပ်လိုက်သည်။ ထို့နောက် ရွှေရောင် အလင်းတန်း တစ်ခု က ပိုင်ချန်ရဲ့ နဖူးမှာ လင်းလက်သွားပြီး ပုလဲ က ပိုင်ချန်ရဲ့ နဖူးထဲ နစ်ဝင်သွားခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now