144

533 113 3
                                    

    Zombieလေးရဲ့ ခွန်အား က မသေးပေ။ သူ့ရဲ့ စပျစ်နွယ်နဲ့ ရိုက်လိုက်ရုံဖြင့် မြေပြင်ပေါ်မှာ လဲနေတဲ့ လူ၆ယောက်ရဲ့ အင်္ကျီတွေ ဆုတ်ပြဲကုန်သည်။ အဲဒါတင်မကသေးဘဲ zombieလေးရဲ့ ရိုက်ချက်ကြောင့် သွေးတွေ စီးကျလာခဲ့သည်။ ဒဏ်ရာ က ၂မီလီလီတာလောက် နက်ပြီး သွေးတွေ စီးကျန်နေခဲ့သည်။

ဒီလူ ၆ယောက် အတွက် အခုလို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတာ ပထမဆုံး အကြိမ် ဖြစ်နိုင်သည်။ သူတို့ သတိပြန်မဝင်ခင် ၁မိနစ်လောက် အော်ဟစ်ငိုယိုနေပြီး မျက်နှာတွေ က နှင်းတွေလို ဖြူစွတ်နေခဲ့သည်။

မော့ရန် နဲ့ မော့ရန်ရဲ့ အနောက်ကို လိုက်လာတဲ့ လူ၄ယောက် ကို တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ မော့ရန်တို့ကို တွေ့လိုက်ရတော့ zombieလေး ကို ကြောက်နေတဲ့ စိတ်က ရုတ်တရက် ပျောက်သွားပြီး ဒေါသတွေ ထွက်လာကြသည်။

ကျူးချင် က မျက်နှာကို အုပ်ပြီး ကိုင်ထားခဲ့သည်။ သူက လူချောတစ်ယောက် ဖြစ်သည်။ ပုံမှန်ဆိုရင် စားနပ်ရိက္ခာ ရှာဖို့ သူ့မျက်နှာ ကို အားကိုးခဲ့သည်။ အခုအချိန်မှာ သူ့မျက်နှာ က နာကျင်နေပြီး ပူထူနေခဲ့သည်။ ကမ္ဘာပျက်ကပ်မှာ ဆေးဝါးတွေ က ရှားပါးလွန်းလှသည်။ အဲဒါထက် ဆရာဝန် ရှာတွေ့ဖို့ က ပိုခက်သည်။ မျက်နှာပေါ်က ဒဏ်ရာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်သည်။

ခုနက zombieလေး ရိုက်တာခံလိုက်ရတုန်း က သူရဲဘောကြောင်ကာ ရှက်နေပေမယ့် မော့ရန် နဲ့ တခြားလူတွေ ကို တွေ့လိုက်ရတော့ သတ္တိတွေ ပြန်ပေါ်လာခဲ့သည်။ သူက မော့ယွမ် ရင်ခွင်ထဲမှာ ရှိနေတဲ့ zombieလေး ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့သည်။

"မင်း က ရူးနေတာလား? အခုဖြစ်နေတာ ကမ္ဘာပျက်ကပ်နော်၊ လူတိုင်း က အချင်းချင်း အကူအညီ ပေးသင့်တယ်။ အကြောင်းပြချက် မရှိဘဲနဲ့ ဘာဖြစ်လို့ ငါတို့ကို ထရိုက်ရတာလဲ? လူတိုင်း က အပြင်မှာ ရှိနေတဲ့ ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်နေကြရတာ၊ မင်းကတော့ လူအချင်းချင်း ကို လာပြီး တိုက်ခိုက်နေတယ်၊ မင်းက အရမ်း ရက်စက်တဲ့လူတစ်ယောက်ပဲ"

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now