135

365 40 0
                                    

   မော့ရန် ကုတင်ပေါ်မှာ ခြေထောက်တစ်ဖက် ချိတ်ပြီး ထိုင်နေခဲ့သည်။ သန့်ရှင်းနေတဲ့ ဆိုင်ရဲ့ အတွင်းပိုင်းကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ငါ့မိသားစုရဲ့ Zombieလေး က အသန့်ကြိုက်တာပဲ"

'ငါ့မိသားစု?'

ပြောလိုက်တဲ့ စကားကို ပြန်တွေးလိုက်မိတော့ မော့ရန် ခဏလောက် ထိတ်လန့်သွားခဲ့သည်။ ဒါပေမဲ့ ပြောပြီးတာနဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည် ။

'အဲဒီစကားလုံး က ကောင်းလိုက်တာ၊ နားထောင်လို့ ကောင်းတယ်'

မော့ရန် စိတ်ထဲကနေ ၂ခါလောက် ထပ်ပြောလိုက်သည်။

သူ့ရဲ့ စိတ်ထဲ ချိုမြိန်နေခဲ့ပြီး တံခါးကို လှမ်းကြည့်လိုက်သည်။

သူ့ရဲ့ zombieလေး ဘာတွေ လုပ်နေတာလဲ?

မော့ရန် ကုတင်ပေါ်မှာ ၁၀မိနစ်လောက် ထိုင်ပြီး စောင့်နေပေမယ့် zombieလေး က ပြန်မလာသေးပေ။ မော့ရန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲမှာ ထူးထူးဆန်းဆန်း စိုးရိမ်တဲ့ ခံစားချက် တစ်ခု ခံစားလိုက်ရသည်။ သူ့မျက်နာပေါ်ရှိ အပြုံး က တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။

နောက်ထပ် ၁၀မိနစ်လောက် ထပ်စောင့်နေပေမယ့် zombieလေး က ပြန်မလာသေးပေ။ မော့ရန် ထိုင်မနေနိုင်တော့တာကြောင့် ပျော့ပျောင်းတဲ့ အိပ်ရာပေါ် က ဆင်းလိုက်ပြီး သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်တွေနဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။

zombieလေး က စိတ်စွမ်းအား အဆင့်၄ ရှိတဲ့ ဖုတ်ကောင်လေး ဖြစ်သည်။ zombieလေးရဲ့ စွမ်းရည်ကြောင့် သူဟာ ဖုတ်ကောင်တွေ ကြားထဲမှာ ဘုရင်တစ်ပါးလို အဆင့် ရှိနိုင်ကြောင်း မော့ရန် သိထားခဲ့သည်။ ကမ္ဘာပျက်ကပ်ကို ၂လလောက် အတွေ့အကြုံ ရှိထားတဲ့ စွမ်းအားရှင် လူအုပ်တွေ ရှိတဲ့ အခြေစိုက်စခန်းထဲ ပြေးသွားရင်တောင် သူတို့ က zombieလေးရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့ စွမ်းအား မရှိကြပေ။ အခြေစိုက်စခန်းရဲ့ မျှော်လင့်ချက်လို့ လူသိများတဲ့ မော့ရန်တောင်မှ zombieလေး တိုက်ခိုက်တာခံခဲ့ရသည်။ zombieလေး သန်မာတာ သိပေမယ့် သူ့အတွက် မော့ရန် စိတ်မပူဘဲ မနေနိုင်ချေ။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now