140

597 107 3
                                    

  မော့ရန်နဲ့ သူ့အဖွဲ့မှာ နေရာလွတ် နဲ့ စွမ်းရည်တွေ ရှိနေတာကြောင့် သူ့တို့ရဲ့ အရင်းအမြစ်တွေ က ကောင်းတယ်လို့ ပြော၍ ရသည်။ သူတို့မှာ ဓာတ်ဆီတွေ များများစားစား မရှိရုံသာ ဖြစ်သည်။

ကမ္ဘာပျက်ပြီး သိပ်မကြာခင်မှာပဲ လူတော်တော်များများ က ဓာတ်ဆီဆိုင်ရှိ ဓာတ်ဆီ‌တွေ ကို သိမ်းယူသွားကြသည်။ မော့ရန်နဲ့ သူ့အဖွဲ့ကလည်း သိမ်းထားခဲ့ကြပေမယ့် ကားရဲ့ ဆီစားတဲ့ဒဏ် ကို မခံနိုင်ကြပေ။ ပထမ အစပိုင်းမှာ ကားရဲ့ လေပူ လေအေးစက် ၂ခုလုံး ဖွင့်ကာ သုံးခဲ့ကြသည်။ နောက်ပိုင်းကျမှ ဓာတ်ဆီတွေ နည်းလာပြီဆိုတာ သတိထားမိခဲ့ကြသည်။ အဲဒီတော့မှ ချွေတာသုံးရမယ်ဆိုတာ သိသွားကြသည်။

အခု အခြေစိုက်စခန်း က ထွက်လာတာ ၁လကျော်နေပြီ ဖြစ်သည်။ ဓာတ်ဆီ လဲလှယ်ချင်ပေမယ့် လဲလှယ်လို့ ရမယ့်နေရာ မရှိပေ။

အဲဒါကြောင့် အပူဒဏ်ကို သည်းခံယုံသာ ရှိသည်။

"အား... အေးနေတာပဲ"

ကျန့်လီရှင်း air-con ဖွင့်ထားတဲ့ ကားပေါ်မှာ သက်တောင့်သက်သာနဲ့ ထိုင်နေခဲ့သည်။

သူတို့ရဲ့ ကားက ကြီးတာကြောင့် လူ ၆ယောက်နဲ့ zombie တစ်ကောင် ထိုင်ဖို့ ပြဿနာ မရှိပေ။ ကျန့်လီရှင်း သူ့ထိုင်ခုံမှာ သက်တောင့်သက်သာနဲ့ ထိုင်နေပြီး သူ့ဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက်နဲ့ zombie တစ်ကောင် ကို ကြည့်ကာ နည်းနည်း မနာလို ဖြစ်နေခဲ့သည်။

သူတို့ ဓာတ်ဆီ ကို တွေ့လိုက်ပေမယ့် air-con ဖွင့်ဖို့ မစဉ်းစားမိခဲ့ပေ။ အဲဒါကြောင့် zombieလေး က ဓာတ်ဆီ ကို လက်ညှိုးထိုးပြပြီး ကားကို ကြည့်ကာ အော်လိုက်သည်။ ထို့နောက် မော့ရန် ကို ကားပေါ် ဆွဲခေါ်သွားခဲ့သည်။

'အရမ်း မနာလို ဖြစ်နေပါတယ်နော်။ ရာသီဥတု က အရမ်း ပူတာကြောင့် သူတို့ ဘော့စ် air-con ဖွင့်လို့ရအောင် zombie မရီးလေး က ဓာတ်ဆီ သွားရှာပေးတာတဲ့'

'ဒီလိုမျိုးက...'

ကျန့်လီရှင်း သူ့ရင်ဘတ် သူ ထုလိုက်သည်။ အရမ်း မနာလို ဖြစ်လွန်းလို့ သူ့ရဲ့ မရီးကို ပြန်ပေးဆွဲသွားချင်စိတ် ပေါက်လာခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now