141

607 115 3
                                    

   မော့ရန်ရဲ့ အဖေ မော့လဲ့ထင်း က ဒီအခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ဖြစ်သည်။ သူက အခြား စွမ်းအားရှင်တွေနဲ့ အတူ အခြေစိုက်စခန်းရဲ့ စစ်တက် အာဏာ ကို ထိန်းသိမ်းထားခဲ့သည်။ ရှန့်မိသားစု နဲ့ ကျုံးမိသားစု အပြင် တခြား မိသားစုတွေကလည်း သူ့ကို ထေက်ပံ့ပေးထားတာကြောင့် သူ့မှာ အာဏာ အပြည့်အဝ ရှိနေခဲ့သည်။ ဒီအခြေစိုက်စခန်းမှာ သူတို့ လုပ်ချင်တာ လုပ်လို့ ရနေပေမယ့် လွန်လွန်ကျွံကျွံ ဘယ်တော့မှ မလုပ်ခဲ့ပေ။

မော့ရန် နဲ့ တခြားလူတွေရဲ့ အဆင့်အတန်း က သူတို့ရဲ့ အဖေတွေကြောင့် မြင့်တက်လာခဲ့သည်။ အခြေစိုက်စခန်းမှာ သူတို့ ကို ဖားချင်တဲ့လူတွေ က စိတ်ညစ်ဖို့ကောင်းတဲ့ ကိစ္စတွေ လုပ်လေ့ရှိသည်။ အဲဒါကြောင့် သူတို့ အုပ်စုဟာ အခြေစိုက်စခန်းကနေ ထွက်ပြေးလေ့ရှိပြီး သူတို့ရဲ့ အခွင့်အရေးတွေ ကို အသုံးချလေ့မရှိတာကြောင့် သူတို့ကို အခြေစိုက်စခန်းမာ ရှိတဲ့လူတွေ က သူတို့ရဲ့ တည်ရှိမှု ကို မေ့နေတတ်ကြသည်။ သူတို့ကို လူတော်တော်များများ က မမြင်ဖူးကြပေ။

ကား က စခန်းရဲ့ အတွင်းကို ဂိတ်ပေါက်လေးကနေ မြို့တွင်းကို ဝင်သွားခဲ့သည်။ အခြေစိုက်စခန်း ကို မြို့တွင်းနဲ့ မြို့ပြင်ဆိုပြီး ၂ပိုင်း ခွဲထားခဲ့သည်။ မြို့တွင်းမှာ နေထိုင်တဲ့လူတွေ က အာဏာရှိတဲ့လူတွေ ဖြစ်ကြပြီး မြို့ပြင်မှာ နေတဲ့လူတွေ က အများအားဖြင့် သာမန်လူတွေ ဖြစ်ကြသည်။ အဲဒါကြောင့် မြို့တွင်းနဲ့ ယှဉ်ရင် မြို့ပြင် က ပိုပြီး လူများကာ ရှုပ်ယှက်ခတ်နေခဲ့သည်။

ဟွမ်ရှောင်းရဲ့ နေရာလွတ်ထဲက hoodie တစ်ထည် ယူကာ zombieလေး ကို ဝတ်ပေးထားခဲ့သည်။ ထို့နောက် သူ့ရဲ့ အနက်ရောင် အင်္ကျီတစ်ထည် ကို ယူလိုက်ပြီး zombieလေး ကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားလိုက်သည်။ ကားထဲက မထွက်ခင် zombieလေး ကို သေသေချာချာ လုံခြုံအောင် လုပ်ပေးလိုက်သည်။

Zombieလေး က မော့ရန်ရဲ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး နေနေပြီး သူ့ရဲ့ ခေါင်းကို မော့ရန်ရဲ့ ပခုံးပေါ် မြှုပ်ထားခဲ့သည်။ တခြားလူတွေ က zombieလေးကို ခြုံပေးထားတဲ့ အင်္ကျီတွေ ကို မြင်ရပေမယ့် zombieလေးလေးရဲ့ ဆံပင်တောင် မမြင်နိုင်ပေ။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now