139

557 118 4
                                    

   တခြားလူတွေရဲ့ အတွေးတွေ က ကျန့်လီရှင်းနဲ့ မတူခဲ့ပေ။ သူတို့ အားလုဲး လန့်သွားပြီး မယုံနိုင် ဖြစ်နေကာ ပဟေဠိ ဖြစ်နေခဲ့ကြသည်။

နောက်ဆုံးမှာတော့ အတည်ငြိမ်ဆုံး ဖြစ်တဲ့ ရှန့်ထျန်း က မေးလိုက်သည်။

"မော့ရန်? မင်း ဟုတ်ပါတယ်နော်?"

သူ့ရဲ့ ညီအစ်ကို ကို ဒီစိတ်စွမ်းအားရှင် ဖုတ်ကောင် က ထိန်းချုပ်ထားမှာ တွေးပြီး စိုးရိမ်နေခဲ့သည်။ သူ အဲဒီလို မေးလိုက်ပြီး မော့ရန်ရဲ့ ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ zombieလေး ကို သတိထားကာ ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

သူ့ရဲ့ အခုလက်ရှိ ခံစားချက် ကို ဘယ်လို ဖော်ပြရမှန်း မသိတော့ချေ။ ဒီလို အဆင့်မြင့် ဖုတ်ကောင်နဲ့ တွေ့တဲ့အခါ သူတို့ရဲ့ အသက် အတွက် ထွက်ပြေးသင့်ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ညီအစ်ကို က အဲဒီဖုတ်ကောင်နဲ့ အလွန် နီးကပ်နေခဲ့ပြီး ဖုတ်ကောင်ကို 'မရီး'လို့တောင် ခေါ်ခိုင်းခဲ့သည်။

သူ့ရဲ့ စိတ်ထဲက အတွေးတွေကို ဖော်ပြဖို့ စကားလုံးတွေ က မလုံလောက်သလို ခံစားလိုက်ရသည်။

ဖုတ်ကောင်တွေ က လူတွေ ကို စားတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်သည်။ တကယ်လို့ ဖုတ်ကောင် တစ်ကောင်ကြောင့် မတော်တဆ ထိခိုက်ဒဏ်ရ ရသွားခဲ့ရင် အဲဒီလူ က စွမ်းအားရှင် ဖြစ်နေရင်တောင် ဖုတ်ကောင် ဖြစ်လာမယ့် ကံကြမ္မာ ကို ရှောင်လွှဲလို့ မရနိုင်ပေ။

မော့ရန် သူ့zombieလေး ကို တခြားလူတွေရဲ့ ထူးဆန်းနေတဲ့ အမူအရာတွေ အောက်မှာ နမ်းလိုက်တော့ zombieလေးရဲ့ စိတ်စွမ်းအားတွေ က တုန်ခါသွားတာ ကို ခံစားလိုက်ရသည်။ မော့ရန် ကျေနပ်သွားပြီး တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ သူ့ညီအစ်ကိုတွေရဲ့ မျက်လုံးတွေက ထွက်ကျလာတော့မလို ပြူးနေတာ တွေ့လိုက်ရသည်။ အဲဒီတော့မှ ဒီအချိန် က ဒီလို လုပ်နေရမယ့် အချိန် မဟုတ်ဘူးဆိုတာ မော့ရန် သဘောပေါက်သွားခဲ့သည်။

သူ zombieလေး ကို မြေကြီးပေါ် ချပေးလိုက်ပြီး zombieလေးရဲ့ ပခုံး ကို လက်၂ဖက်ဖြင့် ကိုင်ထားကာ ပြောလိုက်သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now