Ch 77&78

776 104 0
                                    

Ch 77

မနက်ခင်းမှာ ဝိန်ရှောင်ရှောင်က အိပ်ပျော်နေတုန်း ဝိန်ရှောင်က မြေပြင်ပေါ်မှာ အချိန်တော်တော်ကြာအောင် အိပ်မောကျနေခဲ့သည်။

ဝိန်ရှောင်ရဲ့ စိုစွတ်နေတဲ့ မျက်လုံးကြီးတွေက ကားခေါင်မိုးကို ကြောင်တောင်တောင်နဲ့ ကြည့်နေသည်။ အိပ်ငိုက်နေသော မျက်လုံးကြီးများကို ပွတ်သပ်ရင်း ခဏတာ စိတ်ရှုပ်သွားသည်။

သူအိပ်ထဲ‌နေရာက နေရထိုင်ရခက်ပြီး သိပ်အဆင်မပြေပေ။ သူက ကြမ်းပြင်ပေါ်ရှိနေကာ ဗိုက်ကို စောင်သေးသေးနဲ့ ပတ်ထားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေတာကို သိလိုက်ရသည်။

သူဘာလို့ မြေကြီးပေါ်မှာ ပြန်လဲလျောင်းနေရတာလဲ သူ့မေမေ ဘယ်မှာလဲ။

သူက မြေပြင်မှ ဖြည်းညှင်းစွာထကာ ကုတင်ကို ကြည့်လိုက်သော်လည်း သူ့အမေရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။

ရေချိုးခန်းတံခါးဆီ ပြေးသွားပေမဲ့လဲ ရေချိုးသံကို မကြားရပေ။

"မေမေ ဘယ်မှာလဲ မေမေ ဘယ်သွားတာလဲ"

ဝိန်ရှောင်ရဲ့စိတ်က အနည်းငယ် မပျော်မရွှင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ နှုတ်ခမ်းစူနေသည်။

"မေမေ မရှိတော့ဘူး။ သူ့ကြောင့် ပျောက်သွားတာ။"

ဝိန်ရှောင်က ထိုအကြောင်း သူပိုတွေးလေလေ ပိုဝမ်းနည်းလာလေလေ။

လုံးဝ မှင်တက်သွားကာ သူ့မေမေ ပျောက်ဆုံးနေပြီဆိုတာ သိလိုက်ရသည်။

သူ မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျလာသည်။

"မေမေ ဝူးဝူးဝူး~" ဝိန်ရှောင် ကျယ်လောင်စွာ အော်ငိုသည်။

တန်ဖိုးမရှိသလိုလို မျက်ရည်တွေ ကျဆင်းလာကာ နာကျည်းစိတ်နဲ့ မြေပြင်ပေါ်ထိုင်ချလိုက်ပြီး နံရံရဲ့ထောင့်ကျဉ်းကျဉ်းလေးမှာ ဝမ်းနည်းစွာ ငိုပါတော့သည်။

ဝိန်ရှောင်ရဲ့အသံကြောင့် အခန်းတွင်းရှိ ကလေးငယ်များအားလုံး တယောက်ပြီး တယောက် နိုးလာကြသည်။

ဝိန်မိုက ကုတင်ပေါ်ကနေ အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်သည်။ ထောင့်စွန်းမှာ ထ််ိုင်နေတဲ့ သူ့မိုက်မဲတဲ့ ညီလေးကို ကြည့်ပြီး ရယ်ချင်သွားသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now