Ch 55&56

1.4K 168 3
                                    

Ch 55

အခုဆိုလျှင် သူက ဝိန်ရှောင်ရှောင်အကြောင်းကို ကောင်းကောင်းသိရပြီး သူမကို နည်းနည်း သဘောကျနေသည်။

ဝိန်ရှောင်ရှောင်နဲ့ ဘာလို့ အတူတူမအိပ်ကြတာလဲ။ သူမနဲ့က ရည်းစားတောင် မဖြစ်သေးဘူးဆိုတော့ အတူတူအိပ်လို့မရ‌သေးပေ။

သူမနဲ့ အိပ်ဖူးတယ်လို့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က အဲဒီညက သူမနဲ့အိပ်ခဲ့တယ်။

ဝိန်ရှောင်ရှောင်က ရေချိုးပြီးကုတင်ပေါ်တွင် လဲလျောင်းရင်း အိမပ်ပျော်သော်လည်း သူမဘေးနားရှိ ကလေးလေးယောက်က လျှင်မြန်စွာ အိပ်ပျော်သွားပြီဖြစ်သည်။

ဝိန်ဖိန် ပြောတဲ့စကားက သူမစိတ်ထဲမှာ "မေမေက ဖေဖေနဲ့ ဘာလို့ တူတူမအိပ်တာလဲ"

ရိုးရိုးသားသားပြောရရင် သူမ ဒီကိုမရောက်ခင်က ယောက်ျားတစ်ယောက်ရဲ့လက်ကိုတောင် တစ်ခါမှမကိုင်ဖူးဘူး။ သူမက အချိန်အကြာကြီး single ဖြစ်ခဲ့သည်။ ပေါ်ရီ့လျန်နဲ့ အိပ်တာလား မဖြစ်နိုင်တာ။

သူမက ပေါ်ရီ့လျန်အ‌ပေါ် အနည်းငယ် ခံစားချက်ရှိပြီး သူကလည်း သူမရဲ့ Type ဖြစ်သည်။

ဝိန်ရှောင်ရှောင်က ပေါ်ရီ့လျန်ရဲ့ မျက်နှာချောချောကို တွေးကာ သူမရဲ့ပါးပြင်များက အနည်းငယ် နီရဲလာခဲ့သည်။ ကံကောင်းစွာပင် မီးများ ပိတ်ထားကာ ကလေးများ အိပ်ပျော်နေသဖြင့် သူမရဲ့နီရဲနေသော မျက်နှာကို ဘယ်သူမှ သတိမထားမိပေ။

အဲဒါကို တွေးပြီးတော့ မူလပိုင်ရှင်က ပေါ်ရီ့လျန်နဲ့ ဆက်ဆံရေးရှိတဲ့ မြင်ကွင်းကို တွေးရင်း စိတ်ထဲမှာ အနည်းငယ် အဆင်မပြေဖြစ်လာသည်။

သူမရဲ့ပါးတွေက ပူထူလာပြီး နားရွက်နှင့် လည်ပင်းတို့လည်း နီရဲလာသည်။

ဝိန်ရှောင်ရှောင်က ရှက်ရွံ့စွာဖြင့် မျက်နှာကို ဖုံးအုပ်ကာ အလွန်ရှက်နေသည်။

ထိုအကြောင်းကိုတွေးပြီးနောက် ဝိန်ရှောင်ရှောင်က မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။

သူမ အိပ်ပျော်ပြီး သိပ်မကြာခင်မှာပဲ ဝိန်ရှောင်ရှောင်က အဖြူရောင် အုံ့ဆိုင်းနေတဲ့နေရာမှာ ရောက်နေသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းOnde histórias criam vida. Descubra agora