Ch 87
"ဘာမှမဖြစ်ပါဘူး ချစ်လေးအဖေ နေကောင်းလာလိမ့်မယ်" လို့ ဝိန်ရှောင်ရှောင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောသည်။
ဒါပေမဲ့ သူမရဲ့ လက်လှုပ်ရှားမှုတွေက အရမ်း နူးညံ့သည်။ ဘာမှမဖြစ်ဘူးလို့ ပြောနေပေမယ့် သူမ အနည်းငယ် စိတ်တိုနေသေးသည်။
ကလေးတွေက အလွန်နာခံမှုရှိပြီး ဖခင်ဖြစ်သူမှာ ဒဏ်ရာရှိမှန်းသိကာ ကုတင်ပေါ်တွင် နာခံစွာထိုင်ပြီး ဖခင်ရဲ့ဒဏ်ရာကို ကုသပေးနေသည့် မိခင်ကို ကြည့်ရှုခဲ့သည်။
ဝိန်ဖိန်က အနည်းငယ် ကြောက်လန့်သွားသည်။ ဒီလိုမျိုး သွေးများစွာကို သူမက ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ သူမရဲ့ ထွားကျိုင်းတဲ့လက်တွေက သူမရဲ့မျက်လုံးကို ဖုံးထားပြီး ရံဖန်ရံခါ လက်ချောင်းကြားကနေ ချောင်းကြည့်သည်။
ကျန်တဲ့လေးယောက်က သိပ်မကြောက်ပေ။ ပန်းသီးတွေကို လက်ထဲမှာ ကိုင်ထားပြီး စားနေရင်းနဲ့ မိဘတွေကို ကြည့်ကာ အရမ်းကျေနပ်နေသည်။
ပါးပြင်တွေက ကြွက်ကလေးလို ဖောင်းပွနေပြီး အရမ်းချစ်စရာကောင်းနေသည်။
တိတ်ဆိတ်သောအခန်းတွင် အထူးနွေးထွေးနေပုံရပြီး အသက်ရှုသံတစ်ခုသာ ထွက်ပေါ်နေသည်။
ဝိန်ရှောင်ရှောင်က သူ့ဒဏ်ရာကို သန့်စင်ပေးပြီး လက်မောင်းတစ်ဝိုက်မှာ ပတ်တီးကို သေသေချာချာ စီးလိုက်သည်။
ပြီးတာနဲ့ ဝိန်ရှောင်ရှောင်က "ဗိုက်ဆာနေလိုက်ရောပေါ့ သွားစားကြရအောင်!"
"ကောင်းပြီ!"
ထို့ကြောင့် သူတို့အားလုံး အပေါ်ထပ်မှ ဆင်းလာပြီး ထမင်းစားရန် ဧည့်ခန်းဆီ ဦးတည်သွားကြသည်။
ညစာစားပြီးနောက် ဝိန်ရှောင်ရှောင်က တခြားကလေးတွေကို သူတို့နှင့်တစ်ခန်းတည်း အိပ်ခိုင်းရန် ရည်ရွယ်ချက် မရှိပေ။
ပေါ်ရီ့လျန်နဲ့ ကလေးတွေကို သူမဘေးမှာ စီစဉ်ပေးလိုက်သည်။
တခြားကလေးတွေက ဝိန်ရှောင်ရှောင်နှင့် သီးခြားအိပ်ရန် အနည်းငယ် ဝန်လေးနေကြသော်လည်း သူမတွင် ကလေးများလည်း ရှိပြီး ကျေနပ်ရောင့်ရဲရမည်ကို သူတို့သိသည်။
YOU ARE READING
ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်း
ActionTitle 末世带娃闯天下 Author 柚妃子茶 Ch 151+ extra 4 MC ဝိန်ရှောင်ရှောင် ML ပေါင်ရီ့လန် first child ဝိန်မို boy second child ဝိန်ဟိန် boy third child ဝိန်ရန် boy fourth child ဝိန်ရှောင် boy fifth child ဝိန်ဖိန် girl Intro ဝိန်ရှောင်ရှောင်က နိုးလာတာနဲ့ သူမက ကလ...