Ch 19&20

2.1K 259 6
                                    

Ch 19

တစ်ချိန်တည်းမှာပင် ပေါင်ရီ့လန်က အမေပေါင်ကို  ဖုန်းခေါ်သည်။

"အမေ ဖေဖေနဲ့ ရီ့ပင်းတို့ကို အပြင်မထွက်စေနဲ့။ မိုးက အနံ့ဆိုးတွေနဲ့ အပြင်မှာ မှောင်မည်းနေတယ်။ အဲဒါက ဥက္ကာပျံကြောင့် ဖြစ်နိုင်တယ်" ဟု ပေါင်ရီ့လန်က ပြောသည်။

"အမေ သိပါတယ်၊ မင်းအဖေလည်း ဒီကိစ္စကို စိတ်ပူနေတာ" အမေပေါင်က သက်ပြင်းချလိုက်သည်။

"စကားမစပ်၊ မင်း သူမကို တွေ့ပြီလား" အမေ‌ပေါင်က မေးသည်။

"တွေ့ပြီ၊ သူမက ကလေးကို ထွားထွားကြိုင်ကြိုင်နဲ့ အရမ်းယဉ်ကျေးအောင် ပြုစုပျိုးထောင်ပေးတယ်။" ပေါင်ရီ့လန်က သူ့နှုတ်ခမ်းထောင့်က အနည်းငယ် အပြုံး‌နေသည်။

“ယောက်ျားလေးလား မိန်းကလေးလား” အမေပေါင်က ဝမ်းသာအားရနဲ့ မေးလိုက်သည်။

"သူတို့အားလုံးမှာ ယောက်ျားလေးက ကျွန်တော်နဲ့ တူတယ်။ မိန်းကလေးက သူမနဲ့တူတယ်" ဟု ပေါင်ရီ့လန်က ပြောပြသော်လည်း သူမတွင် ကလေးဘယ်လောက်ရှိသည်ကို အမေပေါင်ကို မပြောပေ။

အမေပေါင်က ဒီစကားကိုကြားတော့ သူမပိုပျော်သွားသလို ခံစားလိုက်ရသည်။ သူမက ပေါင်ရီ့လန်ကို ဖုန်းထဲမှာ "မြန်မြန်ပြန်လာခဲ့"

"ဟုတ်ကဲ့!"

မနက်အစောကြိီးမှာ ဝိန်ရှောင်ရှောင် နိုးလာသည်။

မြို့ပြဧရိယာက ပရမ်းပတာဖြစ်နေပြီဖြစ်ပြီး ထိုလူများက သူတို့ရဲ့မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများရှိနေသည်။

ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး လေထဲတွင် ပုပ်သိုးနေသော အနံ့တစ်ခု ရှိနေသည်။

“ဟပ် ဟပ် ဟပ်....…”

လက်ကျိုးနေတဲ့ ဖုတ်ကောင်တစ်ကောင်က ပန်းတိုင်မဲ့ကာ ရှေ့ကို လျှောက်သွားနေသည်။ သူ့မျက်နှာက မမှတ်မိလောက်အောင် သူ့ရဲ့ မူလအသွင်အပြင် မရှိသလို သူ့ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်နေသည်။

၎င်းက ဖြည်းညှင်းစွာ လမ်းလျှောက်ခြင်း၊ ၎င်းရဲ့ မျက်လုံးများက ဖြူဖွေးနေပြီး ပါးစပ်နှစ်ဖက်တွင် ချွန်ထက်သော အစွယ်များ ရှိနေသဖြင့် အလွန်ရုပ်ဆိုးနေသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now