Ch 53&54

1.3K 173 0
                                    

Ch 53

ကယ်တင်ခြင်းလား သို့မဟုတ် ဘေးဥပဒ်လား မသိသော်လည်း စွမ်းအားရှိသူများအတွက်တော့ ဒါက ဘာမှမဟုတ်ပေမယ့် သာမန်လူတွေကတော့ ကံမကောင်းနိုင်ပေ။

သာမန်လူတွေက ဒီမိုးကြောင့် သူတို့ရဲ့ စွမ်းအားတွေကို နိုးထလာနိုင်တယ် ဒါမှမဟုတ် ဖုတ်ကောင်တွေ ဖြစ်သွားနိုင်သည်။

သက်ကြီးရွယ်အိုများအတွက်မူ နိုးထလာနိုင်သော စွမ်းအားများ အလွန်နည်းပါးလှသည်။

ဝိန်ရှောင်ရှောင်က ဒီကာလအတွင်း ယွင်ကျောင်ရဲ့ ချက်ပြုတ်ခြင်းကို အနည်းငယ်ငြီးငွေ့နေသဖြင့် သူမက ဒီနေ့ညတွင် ကိုယ်တိုင်ချက်ပြုတ်ရန် စီစဉ်ခဲ့သည်။

ထို့နောက် သူမက ဒီနေ့ည ချက်ပြုတ်ရန် မလိုအပ်ဘဲ သူမဘာသာသူမ လုပ်မည်ဟု ယွင်ကျောင်ကို ပြောပြသည်။

အပြင်မှာ မိုးရွာနေတာကြောင့် RV ကို မထင်ရှားတဲ့ နေရာမှာ ရပ်ထားခသည်။ အပြင်မှာ မိုးတွေ သည်းထန်စွာရွာနေပြီး အရင်က မိုးရွာသလိုပဲ အနံ့ဆိုးတွေနဲ့ မည်းမှောင်နေခဲ့သည်။

ဖုတ်ကောင်များအတွက်မူ ဒီမိုးက အဆင့်မြင့်ဝိညာဉ်စမ်းရေ ဖြစ်သည်။

ဝိန်ရှောင်ရှောင်က ညစာ ဘာစားရမလဲဆိုတာ တွေးပြီး အာကာသထဲမှာ ပဲစေ့များက အသီးတွေ သီးနေတာကို မှတ်မိလိုက်သည်။

အထူးသဖြင့် လုံးဝမရင့်သေးသော ပဲကြီးမျိုးစေ့များကို နှစ်ခြမ်းခွဲပြီး သေချာရေဆေးကာ အိုးတစ်လုံးထဲတွင် ထည့်ကာ ပြုတ်လိုက်သည်။ ပြုတ်ထားတဲ့ ပဲကြီးများကို ထပ်မံဆေးကြောလိုက်သည်။

ပန်းကန်လုံးအကြီးကြီးတစ်လုံးထဲမှာ ဆား၊ ပဲငံပြာရည်နဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေ ထည့်လိုက်သည်။ အစပ်ကြိုက်တဲ့သူအတွက် ငရုတ်သီးမှုန့်ထည့်လို့ ရသည်။

ထို့နောက် ကြက်ဥတစ်လုံးကို ထည့်ကာ ကျေအောင်ရောမွှေပြီး ရွှေအိုရောင်ပြောင်းသည်အထိ မွှေလိုက်သည်။ ထို့နောက် အိုးထဲကို ဂျုံမှုန့်ထည့် မွှေလိုက်သည်။

ဟင်းချို သို့မဟုတ် ခေါက်ဆွဲအဖြစ် ပြုလုပ်နိုင်သည်။ အလွန်နူးညံ့ပြီး အရသာရှိသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now