Ch 39&40

1.4K 170 0
                                    

Ch 39

ဒီနည်းနဲ့ သူ့သားကို တစ်ခုခုကျွေးလို့ရမည် ဖြစ်သည်။

ချိန်ရိက ခဏလောက်စဉ်းစားပြီး တံခါးဖွင့်လိုက်သည်။

တံခါးအပြင်ဘက်တွင် လူငယ်နှစ်ယောက် ရပ်နေသည်။ သူတို့ရဲ့ အဝတ်အစားများက သန့်ရှင်းကာ သပ်ရပ်လှသည်။

ဝိန်ရှောင်ရှောင်က ချိန်ရိကို ကြည့်လိုက်သည်။ သူက မျက်နှာလေးထောင့်နှင့် အရပ်ရှည်သော အမျိုးသားတစ်ယောက်ဖြစ်သည်။ ရိုးရိုးသားသားနှင့် ရိုးရိုးရှင်းရှင်း စိတ်ထားရှိသည်။ သူ့မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူ့အဝတ်အစားများ ညစ်ပတ်နေကာ အနံ့အသက်တောင် ရနေသည်။

"အစ်ကို မင်း ငါ့နောက်ကို လိုက်လာပြီး ငါ့ကားမောင်းဖို့ ဆန္ဒရှိလား? ငါက နေရာထိုင်ခင်းနဲ့ စားစရာတွေ ပေးမယ်။" ဝိန်ရှောင်ရှောင်က သူမရဲ့ရည်ရွယ်ချက်ကို ရိုးရိုးသားသား တိုက်ရိုက်ပြောလိုက်သည်။

ချိန်ရိက ထိုစကားကို ကြားတဲ့အခါ ဖြစ်နိုင်သည်ဟု ယူဆသည်။ သူက သာမန်လူတစ်ယောက်သာဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ခေါ်ယူလိုလျှင် သူက သဘာဝအတိုင်း သေချာပေါက် သဘောတူမည် ဖြစ်သည်။

ချိန်ရိက တခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ "ငါလုပ်မယ်" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ယွင်ကျောင်းက မြေပြင်ပေါ်တွင် သတိလစ်နေတဲ့ သားကို ပွေ့ဖက်ထားကာ တခြားသူများ ပြောနေတာကို ရှင်းရှင်းလင်းလင်း မကြားရပေ။

ဒါပေမယ့် ချိန်ယွဲ့ ကြားလိုက်ရပြီး သူမမျက်လုံးတွေ တောက်ပလာသည်။

"အစ်ကို့ကို ကယ်နိုင်ပြီ" ဟု ချိန်ယွဲ့ တွေးလိုက်မိသည်။

ချိန်ယွဲ့က အသက် ဆယ့်သုံးနှစ်ရှိပြီဖြစ်ပြီး ဒီအဖြစ်အပျက်ပြီးနောက်မှာ ပိုပြီးဉာဏ်ကောင်းလာခဲ့သည်။ သူမက ကျေးဇူးတင်သောမျက်နှာဖြင့် ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်သည်။

ဝိန်ရှောင်ရှောင်က ချိန်ရိကို စည်းကမ်းအနည်းငယ်ပြောပြသည်။

1. ကျွန်မစကားကို နားထောင်ရမယ်၊ ကျွန်မကို သစ္စာမဖောက်ရဘူး။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now