Ch 67&68

1.3K 165 3
                                    

Ch 67

တစ်ဖက်တွင် ပေါ်ရီ့လျန်က စောင်ကိုယူကာ ဂိုဒေါင်ဆီ သွားခဲ့သည်။

ဝူရှောင်ရိက လာတဲ့လူကို ကြည့်ပြီး "မင်းက ဘယ်သူလဲ? ရှောင်ရှောင် ဘယ်မှာလဲ?" လို့ မေးသည်။

ပေါ်ရီ့လျန်က သူ့ကို ဂရုမစိုက်ဘဲ အေးတိအေးစက် ကြည့်ပြီးတော့ "ငါက သူမယောင်္ကျားပါ။ သူမက အထဲမှာ အနားယူနေတယ်"

ပေါ်ရီ့လျန်က မျက်ခုံးပင့်ကာ သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်သည်။

ဝူရှောင်ရိက သူပြောတာကိုကြားတော့ စိတ်ဓာတ်ကျပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ ပေါ်ရီ့လျန်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

ပေါ်ရီ့လျန်ရဲ့လက်ထဲက စောင်ကိုယူပြီး သူဘာတွေတွေးနေမှန်းမသိဘဲ မျက်လုံးကို အနည်းငယ်မှိတ်ထားလိုက်သည်။ 

"သွားပြီ။" ပေါ်ရီ့လျန်က ပြောပြီး လှည့်ထွက်သွားသည်။

ဝူရှောင်ရိက သူရဲ့ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ မျက်လုံးများ မှိန်သွားသည်။

လူတချို့ကို စောင်တွေ ပေးပြီးနောက် ဂိုဒေါင်တံခါးကို ပိတ်လိုက်သည်။

ပေါ်ရီ့လျန်က RV ဆီ ပြန်လာပြီး ဝိန်ရှောင်ရှောင်ရဲ့ အခန်းဆီသွားကာ အကြိမ်ပေါင်းများစွာ တံခါးခေါက်သော်လည်း တုံ့ပြန်ခြင်းမရှိပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ့အခန်းကို ပြန်သွားခဲ့သည်။

ဝိန်ရှောင်ရှောင်က တံခါးခေါက်သံကို သဘာဝအတိုင်းကြားလိုက်သော်လည်း တံခါးကို မဖွင့်ချင်ခဲ့ပေ။

ကလေးငယ်က အစပိုင်းတွင် အနည်းငယ် အိပ်ငိုက်နေသော်လည်း ဝိန်ရှောင်ရှောင်ရဲ့ ခုတင်ပေါ်တွင် လဲလျောင်းနေသော ကလေးငါးယောက်ကို ကြည့်ပြီးနောက် ခေါင်းကို မော့ကာ သူမကို ကြည့်သည်။ "ကျဲကျဲ သူတို့က ဘယ်သူတွေလဲ?"

ကောင်လေးက အသားဖြူ၊ ထွားက်ြိုင်ပြီး ပျော့ပျောင်း နူးညံ့တဲ့ ကလေးငါးယောက်ကို ကြည့်သည်။

သူမြင်လိုက်ရသော ကလေးများ အားလုံးက မည်းမှောင်ညစ်ပတ်ပြီး ပိန်ပိန်ပါးပါး ဖြစ်ပြီး အသားဖြူကာ ထွားကြိုင်တာကို မမြင်ဖူးပေ။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now