Ch 69&70

919 127 0
                                    

Ch 69

ဝိန်ရှောင်ရှောင်က မျက်လုံး ဖွင့်လာသည်။ တကယ်တော့ သူမက ဒီကလေး‌တွေရဲ့ အော်ဟစ်သံများကြောင့် နှိုးလာခဲ့သည်။

ဝိန်ရှောင်ရှောင်က ကုတင်ပေါ်မှထကာ ဒေါသတကြီးဖြင့် ပြောသည်။ "အဝတ်အစားလဲပြီးရင် အောက်ဆင်းပြီး မျက်နှာသစ်"

"ဟုတ်ကဲ့ မေမေ" ကလေးငါးယောက် အတူတူ အိပ်ယာမှထကာ မျက်နှာစသ်ရန် ရေချိုးခန်းကို သွားကြသည်။

ဝိန်ရှောင်ရှောင်က ဖိနပ်စီးပြီး ကောင်လေးရဲ့ အိပ်ရာဆီ လျှောက်သွားပြီး စောင်ကို လှန်လိုက်ကာ "မနေ့ညက အိပ်တာ အဆင်ပြေလား" ဟု မေးသည်။

ကောင်လေးက မျက်လုံးဝိုင်းဝိုင်းဖြင့် ဝိန်ရှောင်ရှောင်ကို ကြည့်ကာ "အရမ်းအဆင်ပြေတယ်။ နွေးလည်း နွေးတယ်" ဟု လေးနက်စွာ ပြောသည်။

ဝိန်ရှောင်ရှောင်က သူ့ခေါင်းကို ကိုင်လိုက်ပြီး တိုးတိုးလေး ပြောသည်။ " အခုချိန်ကစပြီး ကျဲကျဲက တီ့တီ့ကို ပြုစုစောင့်ရှောက်ပေးမှာ။ ဘယ်တော့မှ အစာမငတ်ရတော့ဘူး အေးခဲသွားမှာလည်း မဟုတ်တော့ဘူး"

ကောင်လေးက ကုတင်ပေါ်မှ ထထိုင်ကာ ဝိန်ရှောင်ရှောင်ရဲ့ ရင်ခွင်ထဲဝင်လိုက်ပြီး မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။

သွေးက ရေထက် ပိုပျစ်တာကြောင့် ဖြစ်နိုင်သလို ကောင်လေးက ဝိန်ရှောင်ရှောင်နဲ့ ပိုနီးစပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့ပေ။

"ကောင်းပြီ မငိုနဲ့တော့။ ခဏနေ တူလေးတွေနဲ့ တူမလေးက ဒါကို မြင်ပြီး မင်းကို ရယ်လိမ့်မယ်။" ဝိန်ရှောင်ရှောင်ရဲ့ နှာခေါင်းက ရှုံ့သွားပြီး သူပကို မြန်မြန် နှစ်သိမ့်ပေးသည်။

"စကားမစပ် တီ့တီ့မှာ နာမည်ရှိလား" ဝိန်ရှောင်ရှောင်က သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပြီး မေးသည်။

ကောင်လေးက ခေါင်းယမ်းပြီး "မရှိဘူး။ သူတို့အားလုံး က ကျွန်တော့်ကို ရှောင်ဖုန်းလို့ ခေါ်ကြတယ်။ ဒါပေမယ့် တရားဝင် နာမည်မရှိဘူး"

ဝိန်ရှောင်ရှောင်က ခဏလောက် စဉ်းစားပြီး "အခုကစပြီး တီ့တီ့ကို ဝိန်ရွှန့်ဟန် လို့ခေါ်လိမ့်မယ်၊ အဆင်ပြေလား"

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now