ကုမျန်က [အဆင်ပြေပါတယ်] လို့ replyပြန်လိုက်တယ်။

သူမ နှုတ်ခမ်းတင်းတင်းစေ့လိုက်တယ်။ သူမက အမှန်အတိုင်းပြောနေရုံပဲလေ။ အဲ့ဒါက ဘယ်လိုလုပ် ချစ်စရာကောင်းသွားတာလဲ။

ကုမျန်က စကားစမြည်ပြောတာကို အဆုံးသတ်ပြီးတဲ့နောက် အိမ်တွင်းရုပ်ရှင်ရုံထဲမှာ သရုပ်ဆောင်ပညာကို ဆက်လက်လေ့လာခဲ့တယ်။

ချန်းကျစ်က နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့လာတယ်။ [တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးချင်နေတာ ဖြစ်နိုင်တယ်၊ အကူအညီလိုသေးလား]

ကုမျန်က ချန်းကျစ် ဘာပြဿနာကို ပြောနေမှန်းမသိပေမယ့်လည်း သူမက replyပြန်လိုက်ဆဲပင်။ [မလိုပါဘူး]

ထို့နောက် ရှောင်ကျူးကလည်း သူမကို ဖုန်းခေါ်လာခဲ့တယ်။

ကုမျန်က သူမနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သိတယ်။

သရေစာဆိုင်ကိုသွားတုန်းက ဘယ်သူကမှမမှတ်မိလောက်ဘူးလို့ သူမလည်းတွေးခဲ့တာ။ သူမမှားခဲ့တယ်။ တစ်ယောက်ယောက်က သူမကို မှတ်မိသွားတယ်။

အဲဒီလူက သရေစာဆိုင်ထဲမှာ ရှိခဲ့တာမဟုတ်ဘဲ သူမကို ဓာတ်ပုံရိုက်ဖို့ ဆိုင်ရဲ့အပြင်မှာ ပုန်းနေခဲ့တာ။

ဖုန်းထဲမှာ ရှောင်ကျူးရဲ့ လေသံက အနည်းငယ်စိုးရိမ်နေပုံရပြီး "နင်က သာမန်သန်မာတဲ့ မိသားစုနောက်ခံကနေ ဆင်းသက်လာတာလို့ အင်တာနက်မှာ ပြောခဲ့တယ်လေ ဒါကြောင့် အင်တာနက်သုံးစွဲသူတွေက နင့်မှာ နောက်ခံရှိတယ်လို့ အခြေခံအားဖြင့် သိကြတယ် ဒီတစ်ခေါက်တော့ လူလတ်ပိုင်းတစ်ဦးက နင့်ကို ဂရုစိုက်ပေးနေတယ်လို့ ကောလဟလတွေထွက်လာတယ် နင်က အဲ့ဒီယောက်ျားကြောင့် ဒီလိုတွေပြောဖို့ ယုံကြည်ချက်ရှိနေတာလို့ ထင်နေကြတာ"

ကုမျန်က သက်ပြင်းချလိုက်တယ်။

"မျန်းမျန်၊ နင့်ရဲ့အရင်ပုံရိပ်က အရမ်းကို အပြုသဘောရောက်လွန်းသွားတယ်နေမယ်၊ ဒါကြောင့် နင့်ကို တခြားသူက ဂရုစိုက်ပေးထားတာဆိုတဲ့ သတင်းကို တစ်ယောက်ယောက်က ထုတ်ဖော်လိုက်ပြီးနောက် အင်တာနက်အသုံးပြုသူ တော်တော်များများက လွန်လွန်ကဲကဲ တုံ့ပြန်ကြတယ် ဒါပေမယ့် မျန်းမျန်၊ နင် အရမ်းကြီးစိတ်မပူနေပါနဲ့၊ အစ်ကိုနန်က  ဒီကိစ္စကို ဖြေရှင်းပြီးသား"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now