နောက်ဆုံးမှာ ‌ကုကော်အန်းက ဖုန်းပြောပြီးနောက် ပြန်ရောက်လာတယ်။ ကြီးကြီးမားမားကိစ္စဖြစ်လို့ သူကိုင်တွယ်ဖြေရှင်းတာက အချိန်အနည်းငယ်ကြာသွားတယ်။

ထိုင်ခုံအနီးမှာ ရှုပ်ပွနေတာတွေ့တော့ သူ့နှလုံးက ခုန်ပေါက်သွားပြီး ဘာဖြစ်သွားတာလဲလို့ မေးလာတယ်။

ကုမျန်က စောနကဖြစ်ပျက်ခဲ့တာတွေကို စကားလုံးအနည်းငယ်နဲ့ အတိုချုံးရှင်းပြလိုက်တယ်။ ကုကော်အန်းက ချန်းကျစ်ဆီ သူ့လက်ကို ဆန့်တန်းလိုက်ပြီး ကျေးဇူးတင်စွာနဲ့ "မင်းကို ကျေးဇူးတင်ပါတယ်"

ချန်းကျစ်ကလည်း သူ့လက်ကိုဆန့်ပြီး နှုတ်ဆက်လိုက်ကြတယ်။“ရပါတယ်” သူက ခနလောက် ရပ်သွားပြီးနောက် မန်ဒရင်းဘာသာနဲ့ ပြောလာတယ်။“လုပ်သင့်တဲ့ဟာပါပဲ”

ကုကော်အန်းက ချန်းကျစ်ရဲ့ပခုံးကို ပုတ်ပြီး ကမ်းလှမ်းလိုက်တယ်။"မင်း ခနနေ ချိန်းထားတာ ရှိလား? အတူတူ သောက်ချင်လား?"

ချန်းကျစ်က ခေါင်းခါပြီး ငြင်းပယ်လာတယ်။"မဟုတ်ဘူး ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကိုစောင့်နေတယ်"

ကုကော်အန်းက နောင်တရသွားပေမယ့်လည်း မလျှော့တမ်းဆက်ပြောနေမှာတော့ မဟုတ်ပေ။ သူက business card ကိုထုတ်ပြီး ချန်းကျစ်ကို ကမ်းပေးလိုက်တယ်။"နောင်မှာ မင်းနဲ့တူတူ သောက်ဖို့ အခွင့်အရေးရလာမှာပါလေ"

ချန်းကျစ်က သူ့ business cardကို ယူလိုက်ပြီး သူ့ရဲ့ ဖြူဖွေးပြီး ချောမောခန့်ညားတဲ့မျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာတော့တယ်။"ကောင်းပါပြီ"

သူက ကုမျန်ကို လှည့်ကြည့်ပြီး နှေးကွေးလှတဲ့ စကားပြောနှုန်းနဲ့အတူ ပြောလာတယ်။"ဒီနေ့မှ ပြည်မကြီးကို ပထမဆုံးအကြိမ် လာခဲ့ရတာဆိုတော့ တော်တော်များများကို သိပ်နားမလည်ဘူး မင်းရဲ့ WeChat အကောင့်ကို ကျွန်တော် addလို့ရမလား မသိဘူး"

ကုမျန်က အနည်းငယ် အံ့သြသွားပေမယ့်လည်း ထိုလူက သူမကို ခုလေးတင် ကူညီခဲ့တာဖြစ်တယ် ။ ငြင်းဖို့က နည်းနည်းတော့ ယုတ္တိမတန်ဘူး။ ဒါနဲ့ပဲ သူမက ဖုန်းကိုထုတ်ပြီး Wechat မှာ ချန်းကျစ်ကို addလိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now