"ရှားဟိုင်ချွမ်၊ မင်း ရူးနေပြီ၊ အခြေအနေက ဘာပဲဖြစ်ဖြစ်၊ မင်း နိုင်ငံခြားသားတွေနဲ့ မပူးပေါင်းသင့်ဘူး၊ မင်း ကိုယ့်နိုင်ငံကို သစ္စာဖောက်မိနေတာကိုရော သိရဲ့လား၊ နည်းပညာရဲ့ အရေးပါပုံကို မင်း မသိဘူးလား"

ဥက္ကဋ္ဌအိုးရန်က တစ်ကိုယ်လုံး တုန်ယင်စွာ အော်ဟစ်လေသည်။

"ရှားဟိုင်ချွမ်၊ ရှင်က ကျွန်မတို့နိုင်ငံရဲ့ နည်းပညာကို ခိုးဖို့ နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက်ပူးပေါင်းတာပဲ၊ ဒါ ပြစ်မှုကြီးပဲ၊ ကျွန်မ ရှင့်ကို ဖမ်းဆီးပိုင်ခွင့် ရှိတယ်"

ရှုနန်က ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်သည်။

"ဟဲဟဲ ငါ့ကို မျိုးချစ်စိတ်နဲ့ ပတ်သက်ပြီး လာမပြောနဲ့၊ ငါ့ကို အကျိုးအမြတ် ဖြစ်စေမယ့် ဘယ်သူနဲ့မဆို ငါ ပူးပေါင်းမှာပဲ"

ရှားဟိုင်ချွမ်က လှောင်ရယ်သည်။ ထို့နောက် သူ့အကြည့်က ရှုနန်ပေါ်သို့ ကျရောက်လာသည်။

"တူမလေးရှု၊ အားကုန်ခံပြီး ရုန်းကန်မနေနဲ့၊ အဲ့ဒါ အရိုးပျော့မှုန့်ပဲ၊ မင်းခွန်အားကို သုံးဖို့ မဖြစ်နိုင်ဘူး"

သူ့စိတ်ရင်းကို သူ ဖော်ပြလာလေပြီ။ အရင်က ရင်းနှီးဖော်ရွေမှုသည် သူတို့ အဆိပ်ကို သောက်ရန် မြားခေါ်ခြင်း သက်သက်သာ ဖြစ်သည်။

"ဟုတ်တယ်၊ ဒါက ငါတို့ ကမ္ဘာမြေရဲ့ဂိတ်တံခါးက အရိုးပျော့မှုန့်ပဲ၊ အဲ့ဒါက သိုင်းပညာရှင်တွေအတွက် ဖော်စပ်ထားတာ၊ သိုင်းပညာရှင် တစ်ယောက်တောင်မှ သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးမှာ"

သူ့အနောက်မှ လူတစ်ယောက်က အေးစက်စက်အသံဖြင့် ပြောဆိုသည်။

ထိုလူက ခေါင်းဆောင်ပင်။ သူ၏ နှာခေါင်းက ကောက်နေပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ သူ့ဘေးနားမှ လူများအားလုံးကို ဖိနှိပ်နေ၏။ သူက ရက်စက်သော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

"ကမ္ဘာမြေရဲ့ ဂိတ်တံခါးလား၊ ရှင်က ဂျပန်နိုင်ငံကပဲ"

ရှုနန်၏ မျက်နှာက ဖြူရော်သွားသည်။ ဂျပန်နိုင်ငံ၏ မကောင်းသော လုပ်ရပ်များက ယခုအထိ သူမစိတ်ထဲ၌ သစ်လွင်နေဆဲပင်။ အထူးသဖြင့် ရှားဟိုင်ချွမ်က ဂျပန်နိုင်ငံက လူများနှင့် အတူ ပူးပေါင်းနေ၏။ ယင်းက နိမ့်ကျလွန်း လှသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now