🌊 Final ☁️

418 7 4
                                    

March 2025,Yangon,

ညိုရိပ်တငွေ့ငွေ့နှင့် ခေတ်တစ်ခု၏ထည်ဝါမှုကိုဂုဏ်ဆောင်နေပါသော  ကြီးမားတဲ့ရှေးဟောင်းအဆောက်အဦးတွေ၊‌ဖော်ရွေနှစ်သက်ဖွယ်ကောင်းသော အညာမြေရဲ့ သဘာဝရှုခင်း နောက်ခံထားလို့ နုငယ်၍ကိုယ်နေဟန်အချိုးကျသူလေးရဲ့လှုပ်ရှားမှုတိုင်းက တစ်ခုမလွတ်အောင် မှတ်ယူ သိမ်းဆည်းထားဖွယ်ကောင်းလွန်းတယ်။

နေရောင်အောက်ကတလဲ့လဲ့ဧရာဝတီမြစ်ကြီးဘက်ကိုမျက်နှာမူကာ‌လှေကားထစ်တွေထိပ်ကမုဒ်ဝအောက်မှာ ထိုင်နေတဲ့အရွယ်အစားကွာခြားတဲ့ကျောပြင်နှစ်ခုရဲ့ပုံရိပ်လေးကို ဓာတ်ပုံ အယ်လ်ဘမ်ရဲ့ နောက်ဆုံးအကန့်မှာထည့်ပြီး လက်စသတ်လိုက်တယ်။

ပြီးတော့ သူပြုံးတယ်။သိပ်ကိုနွေးထွေးပြီး တစ်စုံတစ်ဦးအတွက်ဆိုအချစ်တွေပြည့်နေတဲ့မျက်ဝန်းတွေပိုင်ဆိုင်ထားတဲ့သူ၊နှုတ်ခမ်းပါးတွေကိုကော့တက်နေအောင်ပြုံးလိုက်ပြီး အယ်လ်ဘမ်ကိုကိုင်ထားတဲ့ သွေးကြောစိမ်းတွေ၊အမွှေးမျှင်တွေနဲ့သန်မာတဲ့လက်ရဲ့လက်သူကြွယ်မှာ လက်စွပ်လေးတစ်ကွင်းကနေရာယူထားတာ ပိုင်ရှင်ရှိကြောင်းပေါ့။

သိပ်မကြာသေးခင်အချိန်က ပုဂံကို ခရီးသွားခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အမှတ်တရပုံလေးတွေကို ခွန်ဇီကိုယ်တိုင်ပုံထုတ်ပြီးသိမ်းထားရင်း သူ့အသည်းအသက်လေးရဲ့ ဘယ်သူမမီတဲ့အလှတရားလေးတွေကို ကြည့်ကာသဘောကျနေလိုက်တာမှအတော်လေးကိုပဲ။

အဲဒီတုန်းကဆို ရင်းလေးက ပုဆိုးလေးဆင်တူဝတ်ကြမယ်ဆိုတော့ ခန္ဓာကိုယ်ကောက်ကြောင်းသိပ်လှတဲ့သူလေးရဲ့အလှကပိုတောင်ပေါ်လွင်သွားတဲ့အခါ လူတွေအားလုံးရဲ့အကြည့်တွေကြောင့် သဝန်ကြိတ်တိုရပါသေးတယ်။ဒါပေမယ့် ကိုယ့်ကြောင့်နဲ့တော့ ချစ်ရသူလေးရဲ့လွတ်လပ်ခွင့်ကိုမပိတ်ပင်လိုပါ။ဘယ်သူပဲကြည့်ပါစေ အဓိက သူလေးကကိုယ့်အပိုင်ဖြစ်နေပြီပဲ။

အခုဆို သူတို့နှစ်ဦးရဲ့လက်ထပ်မှုက ၅လခန့်ရှိခဲ့ပြီ။မြန်မာမှုကိုနှစ်သက်တဲ့ကလေးငယ်က ဘုန်းကြီးကျောင်းတစ်ခုမှာပဲဆွမ်းကပ်ချင်ပါတယ်လို့ပဲဆိုတာကြောင့်သူလေးရဲ့ဆန္ဒအတိုင်းပါပဲ။လက်ထပ်ပွဲကဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေ အရေးကြီးတာက 'စိတ်'ပါပဲ။စာချုပ်ပေါ်က လက်မှတ်လေးတစ်ခုကဆုံးဖြတ်ပေးတာမဟုတ်ဘူး။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now