🌊 20 ☁️

265 6 0
                                    

~တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်~
~ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်~
~ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွဲ့ အချစ်ရေ~
~လိမ္မာပါကွယ် ဗမာမလေး စိတ်မညိုနဲ့ ~
~ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ~
~ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ်~

ဘန်ကောက်သားလေးအား ပိုးပန်းဖို့ရာ ချင်းရိုင်သားကြီးမှာတော့ သူရဲ့ဇာတိချက်ကြွေမွေး‌ရပ်မြေဆီကိုခေါ်ဆောင်သွားရာလမ်းတစ်လျှောက်မှာ ရေဒီယိုဆီမှ ဦးထီးရဲ့ 'ချယ်ရီကိုသာပန်ပါကွယ်' တေးသီချင်းသံလေးက တသဲ့သဲ့၊
အပြုံးချိုချိုလေးနဲ့ လှရက်သူလေးရဲ့ နုနယ်တဲ့နှလုံးသားလေးဟာလည်း တနဲ့နဲ့ ပျော်ဝင်လျက်ပင်။

နောင်ချိုမှခရီးဆက်လာခဲ့တာ တာချီလိတ်နယ်စပ်ကိုဖြတ်ကျော်ပြီး တစ်ဖက်ထိုင်းနိုင်ငံရဲ့ချင်းရိုင်ဆီသွားရောက်လည်ပတ်ဖို့အစီအစဉ်ကိုစတင်ခဲ့ကြတယ်။ဒေသခံ ခန့်ချောချောလူပျိုကြီးကတော့ သူတို့ရေမြေတောတောင်သဘောဝတွေကို ဂုဏ်ယူစွာနဲ့ပင် အားရဝမ်းသာစွာကြွားလုံးထုတ်နေပုံကြီးက ချစ်စရာကြီးပင်။

ပထမဆုံးခေါ်သွားခဲ့တဲ့နေရာက အကို့ရဲ့မိဘနှစ်ပါးရှိတဲ့ အကိုငယ်စဉ်အခါကတည်းက နေခဲ့တဲ့ခြံဝန်းကျယ်ကြီးနဲ့ခမ်းနားတဲ့အိမ်ကြီး။အကို့ရဲ့ဖေဖေက အပင်တွေစိုက်ရတာအရမ်းသဘောကျတယ်လို့ကြားထားတာကြောင့် ဒီဧရိယာရဲ့ပတ်လည်မှာ သစ်ပင်ကြီးတွေနဲ့အုံ့ဆိုင်းနေတာ မထူးဆန်းပေ။

အေးချမ်းတဲ့အရိပ်အာဝါသရယ်၊
နွေးထွေးလုံခြုံတဲ့ခံစားချက်လေးရယ်၊
ဒီလိုအဘက်ဘက်ကပြည့်စုံတဲ့ အကို့ဆီမှာ ဒီနေရာရဲ့ကောင်းမွန်တဲ့ အငွေ့အသက်တွေလည်းပါဝင်ဖွဲ့စည်းထားတယ်။

ချွေးစေးလေးတွေနဲ့အေးစက်တုန်ရီနေတဲ့ ရင်းရဲ့လက်ကလေးတွေကို လက်ဖဝါးနွေးနွေးကြီးကအုပ်ကိုင်လာကာ အရှေ့မှာထိုင်နေတဲ့ လူကြီးနှစ်ယောက်ကိုမျက်နှာပူတာကြောင့်ရင်းကခေါင်း‌လေး ငုံ့ထားမိပေမယ့် အကိုကတော့ ဟန်မပျက်ပင်။သူတို့နှစ်ဦးသားရဲ့ဆက်ဆံရေးကိုဖွင့်ပြောပြီးချိန်မှာတော့ မိဘနှစ်ပါးရဲ့ တုံပြန်စကားတွေကြောင့် ရင်းရင်းရဲ့မျက်ဝန်းဝိုင်းလေးတွေနဲ့ခွန်ဇီ ကိုအကြည့်ဆုံစေမိတယ်။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Kde žijí příběhy. Začni objevovat