🌊 5.2☁️

229 10 3
                                    

နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာ
ကျိန်းစက်နေတဲ့မျက်လုံးများသည် ရောင်နီထွက်ပေါ်လာသည့်တိုင်တစ်ရေးမှမအိပ်ရသေးပေ။အချိန်အတော်ကြာအောင်မှေးစက်နေသော‌အေးချမ်းလွန်းတဲ့ မျက်နှာလေးကိုသာတစိမ့်စိမ့်ထိုင်ကြည့်နေခြင်းမှာဘာကြောင့်လဲလို့မေးရင် ခွန်ဇီမှာထိုအတွက်တော့ခိုင်လုံတဲ့အကြောင်းပြချက်မရှိ။

စိုးရိမ်လွန်းနေသလို မွန်းကြပ်ကြပ်ခံစားမှုကြီးမို့ ပြတင်းပေါက်တွေကိုဆွဲဖွင့်ပြီး လေတွေတဝကြီးရှူရှိုက်လိုက်မိတယ်။ဒါကသူ့အတွက်စိတ်ဖြေလျော့ဖို့လုံလောက်မှုမရှိသေးတာကြောင့် ဘူးထဲကစီးကရက်တစ်လိပ်ကိုထုတ်ယူမီးညှိပြီးအခန်းပြင်ထွက်ကာ တံခါးကိုရပ်မှီလျက်ဖွာရှိုက်လိုက်တယ်။

"စောစောစီးစီးဆေးလိပ်တွေသောက်နေတာလား ဇီ ဟိုကလေးကအခုထိသတိမရသေးဘူးမလား"

"ဟင်းးးးး ဟုတ်တယ်သတိမရသေးဘူး"

"အရမ်းတော့စိတ်မပူပါနဲ့ ဖီတို့ဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုတော့ရလိုရငြားအရင်ကြိုးစားကြည့်ဦးမယ်။အဲဒီအတွက်တော့ မင်းဘက်ကပြင်ဆင်ထားစေချင်တယ် မမြင်နိုင်တဲ့အရာတွေအများကြီးရှိတာမို့ တစ်ခုခုဆိုလက်ခံပေးပါ ဒီကိစ္စကမရိုးရှင်းတာကြောင့် ဖီရဲ့ယောက္ခမကကူညီနိုင်လိမ့်မယ်ထင်တယ်"

ရေးကြီးသုတ်ပြာနဲ့ကားဆီကိုထွက်သွားတဲ့ဖီနိုင်းကမရီးရဲ့အမေကိုခေါ်ဖို့သွားတာပဲဖြစ်မယ်။ထိုအဒေါ်ပါရမယ့်ကိစ္စဆိုရင်တော့ ကမ္ဘီရပညာပိုင်းဖြစ်တာမို့ နည်းနည်းစဉ်းစားစရာပဲ။မရီးတို့မိသားစုမျိုးရိုးကသာမန်ပဲမို့ခေတ်နဲ့အညီပဲလိုက်လျောနေထိုင်ကြတာကြောင့် သူတစ်ပါးထိခိုက်လောက်မယ့်အရာတွေကိုတော့ ပြုလုပ်လိမ့်မည်မဟုတ်ပေ။

အနာဂတ်မှာဖြစ်လာမှာတွေကိုသေချာမသိနိုင်သော်လည်း အတိတ်ကိုတော့ပြန်လည်ခေါ်ဆောင်ရှုမြင်ကြည့်နိုင်သည်။အတိတ်အကြောင်းကိုအခြေခံ၍ ပစ္စုပ္ပန်အခြေအနေများကိုဆက်စပ်ကြည့်ပြီး အဖြေတစ်ခုဟာပုံပေါ်လာပေမည်။

"အို အတိတ်ဆုတောင်းတွေများတယ်စွမ်းပေသကိုး ဒါတွေကဖြစ်ချိန်တန်ဖြစ်လာရပြီပဲ"

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now