🌊 12 ☁️

247 7 1
                                    

မှန်သာခြားထားတဲ့ အကာအရံကနေမြင်နေရတဲ့ သက်ရှိကြွေရုပ်လေးလိုလှပသူလေးဟာ ဆိုင်ရဲ့ ဂန္တဝင်ဆန်‌ဆန်မီးရောင်တွေဖြာကျနေတဲ့အောက်မှာ ဝင်းလဲ့နေပုံလေးက ခွန်ဇီတစ်ယောက် ရပ်တန့်ငေးမောနေမိရတဲ့အထိပင်။ထိုအရုပ်ကလေးကလည်း သူနဲ့အကြည့်ချင်းဆုံပြီး မျက်လုံးလေးတွေဝိုင်းစက်ကာအံ့ဩနေဟန်။

"ခွန် အသိလား အသိဆိုရင် ဆိုင်ထဲဝင်ပြီး တစ်ဝိုင်းထဲထိုင်လိုက်ပါ"

တည်ငြိမ်စွာပြောလာတဲ့ နန်းရဲ့အသံကြားမှပဲ ချစ်သူမိန်းကလေးရှေ့မှာတောင် ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်လောက်ထိအောင်ဖြစ်သွားပုံပေါ်တယ်။

"နန်းက အဆင်ပြေရဲ့လား ကိုယ်တို့ ၂ယောက်ထဲအတူ dateချင်လို့ ထွက်လာတာမဟုတ်လား ကိုယ်တို့သက်သက်ထိုင်လို့ရတယ်"

"ရပါတယ် ခွန့်ရဲ့ အသိဆိုတော့လည်း နန်းတို့ရဲ့ပတ်သက်မှုကို မိတ်ဆက်ပြီး တရားဝင်ချပြလို့ရနေတာပဲလေ သူလည်းတစ်ယောက်ထဲပဲဆိုတော့ အတူထိုင်လိုက်တာပေါ့"

သဘောထားကြီးသလို အထက်တန်းစားမိန်းမသားတစ်ဦးပုံစံမျိုးပေါ်လွင်အောင် ခပ်ပြုံးပြုံးပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ထိုကောင်လေးနဲ့ခွန်ရဲ့ပတ်သက်မှုကိုသိချင်နေတာကြောင့်ပင်။မိန်းမစစ်တွေထက်တောင် သိမ်မွေ့ပြီး ချစ်စရာကောင်းလွန်းတဲ့ထိုကောင်လေးကို နန်းစိတ်ထဲဘဝင်မကျမိပါ။

"ကိုယ်တို့ဒီမှာပဲအတူထိုင်လိုက်မယ် ရတယ်မဟုတ်လား ‌ရင်း"

"ရပါတယ် ... ရင်းလည်း ခနနေ မမဆူးခက်ရောက်လာရင်ပြန်တော့မှာဆိုတော့လေ"

နှုတ်ခမ်းကပြုံးပြီးပြောနေပေမယ့် မျက်‌လုံးတွေကဝမ်းနည်းနေတဲ့ကောင်ငယ်လေးက ဘာဖြစ်နေလဲဆိုတာ လူကြီးဖြစ်တဲ့ခွန်ဇီက ရိပ်မိနေပြီးသားပါ။ကိုယ်တိုင်က မဖြစ်သင့်တာတွေမဖြစ်အောင်လို့ ထိန်းချုပ်နေတာမို့ ဒီနည်းလမ်းက အဆင်ပြေတယ်။

"ဒါက အကိုစေ့စပ်တော့မယ့် အမျိုးသမီး နန်းမူယာတဲ့လေ ဒီက ကလေးက.."

"ဟုတ် အရမ်းလိုက်ဖက်ပါတယ်   ရင်းက အကို့ရဲ့ အရမ်းရင်းနှီးတဲ့ ညီလေးတစ်ယောက်ပါ"

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now