🌊 13 ☁️

181 4 3
                                    

ပန်းဆီရောင်စိုစို အိုဗာဆိုဒ်တီရှပ်က သေးသွယ်သွယ်ခန္ဓာကိုယ်လေးမှာ တစ်မျိုးလေးအမြင်ဆန်းကာ ဖြူဥနေတဲ့အသားအရေလေးက ပိုပြီးတော့တောင် ဝင်းသွားသယောင်၊အောက်ဖျားနားမှာခေါက်ထားတဲ့ ဂျင်းဖျော့ဖျော့ဘောင်းဘီအပွက လှပတဲ့ခြေထောက်လေးတွေကိုဖုံးကွယ်ထားတာ ရှူးဖိနပ်အဖြူလေးသာမြင်ရတဲ့အထိပဲ။

အလှဘေးလွယ်အိတ်အနက်ရောင်လေးကို ပုခုံးတစ်ဖက်ထက်ကြိုးလွယ်ကာ ကြောင်လေးတစ်ကောင်လိုလမ်းလျှောက်နေပုံလေးဟာ မြင်သူတိုင်းကို လည်ပြန်ငေးကြည့်စေမိတဲ့အထိပင်။နုနုအုအုမျက်နှာလေးက အပြုံးတွေမပျက်၊သိပ်ကိုချစ်စရာကောင်းလွန်းနေသူလေးက တက်ကြွတဲ့ခြေလှမ်းလေးတွေနဲ့ပြည်လမ်းကွန်ဒိုဆီကိုသာဦးတည်နေခဲ့တယ်။

လူတစ်ယောက်က ဘယ်အချိန်မှာ အပျော်ရွှင်ဆုံးဖြစ်မလဲမေးရင် ချစ်ရတဲ့သူနဲ့တွေ့ရတဲ့အခါလို့ဖြေမယ်။အဲဒီအချိန်လေးက အရာရာကို တောက်ပစေနိုင်တဲ့အထိကို မှော်ဆန်တယ်ပြောရမယ်။

တနင်္ဂနွေနေ့၊ အများစုရဲ့ရုံးပိတ်ရက်ဖြစ်တာကြောင့် သူသူငှာရောင်စုံအဝတ်အစားတွေနဲ့လူတွေကြားထဲ ထင်းထွက်နေတဲ့ ပန်းဆီရောင်လူသားလေးရင်းရင်းက အခြားသူတွေရဲ့အကြည့်တွေကိုသတိမမူမိပဲ အကိုရှိရာကိုသာရောက်ဖို့ဆန္ဒစောနေခဲ့တယ်။

ဒီနေ့မှာ အဖွဲ့ထဲက ခရစ်ယာန်ဘာသာဝင်အချို့က ကလေးတွေကို ဘုရားကျောင်းဆီ လိုက်ပြပေးရန်ခေါ်သွားတာကြောင့် အချို့ကနားရက်ရကြတယ်။အဲဒီအထဲမှာရင်းရင်းအပါအဝင်ဖြစ်ပြီး အကိုနဲ့ကွန်ဒိုမှာတွေ့ဖို့ ချိန်းဆိုမှုတစ်ခု ရခဲ့တယ်။အကိုလည်းဒီနေ့ရုံးနားရက်ဆိုတော့အဆင်ပြေသွားတာပေါ့။

တွေ့ဖို့အကြောင်းပြချက်ကတော့ ရင်းတို့ရဲ့ ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို တစ်ရက်လောက်သေချာသိရအောင်တွေ့ကြဖို့ပြောတော့ နှစ်ယောက်လုံးဒီနေ့ကို သတ်မှတ်လိုက်ကြတယ်။

လာနေတဲ့လမ်းတစ်လျှောက်လုံးမှာ သူဘယ်လိုပြောပြရမလဲ၊လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့ အကိုကရောယုံမလားဆိုတဲ့ဗျာများစွာနဲ့ အတွေးတွေလည်းကပ်ပါမိတယ်။ကွန်ဒို ၅လွှာရဲ့တံခါးတစ်ခုရှေ့ရောက်တဲ့အခါမှာတော့ လျှို့ဝှက်နံပါတ်သာနှိပ်ဝင်ခဲ့ဖို့ အကိုက အစောကတည်းကမှာထားတဲ့အတွက် အဲဒီအတိုင်းလုပ်လိုက်တယ်။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now