🌊 10.2 ☁️

201 8 3
                                    

ည၏အမှောင်ထုသည် ဒုစရိုက်သမားများအတွက် အဖော်ကောင်းတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ်ကောင်းလှသည်။အလင်းရောင်ဟူ၍ တော်တော်ဝေးဝေးမှ လမ်းမီးတိုင်တစ်ခု၏မီးရောင်သာရှိပြီး ဘေးပတ်ဝန်းကျင်သည်စမ်းတဝါးဝါး။

သတိရှိမိသော်လည်း အချိန်နှောင်းစွာ ကားတံခါးကလော့ခ်ကျနေခဲ့ပြီ။ရှေ့ခန်းမှ ကိုယ်ခန္ဓာကြီးတစ်ခုက သူရှိရာအနောက်သို့ ကူးလာသဖြင့် ရေသောက်ရန်အမြဲအိတ်၌ဆောင်ထားလေ့ရှိတဲ့ ဖန်ပုလင်းအလှလေးတစ်ခုအား ရင်းရင်းထုတ်ယူလိုက်တယ်။

ထိုလူယုတ်မာ ဘေးနားရောက်လာပြီးသူ့ရဲ့ အဝတ်အစားတွေဆီ ဆွဲကိုင်နေမှန်းသိလိုက်ရတဲ့အခါ ကားထဲမှ မာကျောတဲ့အရာတစ်ခုနဲ့ ပုလင်းအားရိုက်ခွဲလိုက်ပြီး ချွန်ထက်နေတဲ့ ပုလင်းစတွေကိုကိုင်ဆောင်ထားကာ ထိုလူအနားမကပ်နိုင်အောင်ဝှေ့ယမ်းနေမိတယ်။

"အသားလေးတွေကိုက အိစက်ပြီး မိန်းမတွေထက်တောင်လှတယ်ကွာ မင်း ငါ့ကားငှားလိုက်တာ ငါတော့ထီပေါက်တာပဲ"

"ခင်များ ယုတ်မာဖို့မစဉ်းစားနဲ့ ဖန်ကွဲစတွေနဲ့ထိုးလိုက်မှာ အရှက်အတွက်နဲ့ လူမသတ်ရဲဘူးမထင်နဲ့"

"မင်းက ငါ့ကိုဘာလုပ်နိုင်မှာမို့လဲ"

အသံတွေတုန်ရီရီနဲ့ပြောနေတဲ့ ရင်းရင်းရဲ့ပုံစံက ထို့လူ့အတွက်တော့ လှောင်ရယ်စရာ ဖြစ်နေမှာပေါ့။ခွန်အားကြီးတဲ့လူမျိုးထဲမပါပေမယ့် အချို့မိန်းကလေးတွေလို အရမ်းအားနွဲ့တဲ့သူမျိုးလည်းမဟုတ်ပေ။သို့သော် တစ်နေကုန်ပင်ပန်းလာတာကြောင့်ရော ကြောက်စိတ်အလွန်ပါရောပြီး ထောင်ချောက်ထဲက သားကောင်ငယ်လေးပမာပင်။

ဖန်စမကိုင်ထားတဲ့ ဘယ်လက်တစ်ဖက်ကိုဖမ်းဆုတ်ကိုင်လိုက်တာကြောင့် ‌ထိတ်လန့်ပြီး တစ်ဖက်ရှိချွန်မြနေတဲ့အစွန်းကို ပိုတိုးဝှေ့ယမ်းမိတယ်။ထိုလူကလည်းရှောင်ပြီး ညာဘက်လက်ကိုပါဖမ်းချုပ်ဖို့ကြိုးစားနေတယ်။

ရှောင်လိုက် ရုန်းလိုက် တွန်းလိုက်နဲ့ မတော်တဆ ရင်းရင်းရဲ့ဘယ်ဘက်လက်ကောက်ဝတ်ကို ကိုယ့်ဘာသာ ဖြတ်ရှမိသလိုဖြစ်သွားပြီး ပြစ်ပြစ်အရည်တွေစီးကျလာတာခံစားမိလိုက်တယ်။အငိုက်မိသွားပြီး လူယုတ်မာက လက်နှစ်ဖက်လုံးကိုဖမ်းချုပ်လိုက်နိုင်တယ်။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Où les histoires vivent. Découvrez maintenant