🌊 15 ☁️

190 6 1
                                    

မြန်မာလူငယ်တွေကြား စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Healthy Earthပရဟိတအဖွဲ့အစည်းမှာ ပြင်းထန်တဲ့ အချစ်တိုက်ပွဲတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုနှုန်းတစ်ဆထက်တစ်ဆ မြင့်တက်လို့နေတယ်။

ရုပ်သံလိုင်းတွေရဲ့ထုတ်လွှင့်မှုမှာတော့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ဖြတ်တောက်လိုက်ပေမယ့် လူမှုကွန်ရက်တွေမှာတော့ အချို့သူများက သူတစ်ပါးရဲ့ privacy ကိုအလေးမထားစွာနဲ့ ဖုန်းနဲ့ရိုက်ကူးလွှင့်ထူနေကြသေးတယ်။

အဲဒီမှာအနောက်တိုင်းဝတ်စုံအပြည့်နဲ့သက်လတ်ပိုင်းလူကြီးမင်းတစ်ဦးက အဖွဲ့အစည်းuniformပေါ်မှာအနွေးထည်ပါးပါးလေးထပ်ဝတ်ထားတဲ့ ဖြူလျော့လျော့ကောင်လေးတစ်ဦးအားပုခုံးနှစ်ဖက်မှာထိန်းဖက်ထားပြီး သူတို့ထံလက်ညိုးငေါက်ငေါက်ထိုးပြီး ဒေါသတကြီးပြောဆိုနေတဲ့မိန်းမတစ်ဦးထံမှ ကာကွယ်ပေးနေပုံပေါ်တယ်။

ဘာတွေဖြစ်နေကြတာလဲ?
လွန်ခဲ့သော နာရီအနည်းငယ်ခန့်ကနေပြန်အစပြုရလျှင်~

ကုန်ဆုံးခဲ့တဲ့ ဇန်နဝါရီတစ်လတာမှာ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကသိသာမှုကြောင့် မိဘတွေရဲ့ချီးကျူးသံကပတ်ဝန်းကျင်ဆီပျံ့နှံ့ပြီး Healthy Earth အဖွဲ့အစည်းက လူသိများလာခဲ့တယ်။အဖွဲ့ဝင်တွေရဲ့စေတနာထား သင်ကြားပေးမှုက တော်တော်လေးအရာရောက်ခဲ့တာပီတိဖြစ်စရာပင်။

ဒါကြောင့် အသိုင်းဝိုင်းကြီးကြီးမှာ အလှူရှင်အချို့က လာရောက်လှူဒါန်းကြမယ့် ယနေ့မှာ အားလုံးကအလုပ်တွေရှုပ်လို့ပြင်ဆင်နေကြတယ်။အများနည်းတူပဲ ချောင်းသံလေးစွတ်နေတဲ့ ရင်းရင်းလေးကလည်း အဖျားအနည်ငယ်ရှိနေပေမယ့် ဘယ်သူမှမပြောပဲကူနေရှာတယ်။

ဒါပေမယ့်သူစိတ်ထဲတော့ပျော်နေ‌ပါတယ်။ဘာကြောင့်လဲဆိုတော့ အကိုလည်း အလှူရှင်တွေထဲကတစ်ယောက်မို့ ရောက်လာမှာပဲလေ။ချစ်မိနေရင် နှစ်ဆယ့်လေးနာရီလုံးကိုတွေ့ချင်နေတော့တာပဲဟုတွေးကာ ကိုယ့်ကိုယ်ကိုရယ်မိသွားတယ်။

"ဘာတွေ ပြုံးနေတာလဲ"

"ဘာမှမဟုတ်ပါဘူးဟာ ဒီအတိုင်းပဲ"

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now