🌊 21 ☁️

203 4 5
                                    

မြန်မာဝတ်စုံကို ပွဲတက်ဒီဇိုင်းအနေနဲ့ အချိုးအစားကျစွာ အဆင့်တန်းမြင့်မားကြောင်းဖော်ပြထားတဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမျိုးသမီးဟာ အထပ်မြင့်အဆောက်အဦးတွေများစွာရှိနေတဲ့ ဝန်းတစ်ခုရှေ့အရောက်မှာ ဒရိုင်ဘာမှတံခါးလာဖွင့်ပေးတဲ့ကားအနောက်ခန်းထဲမှထွက်လာခဲ့တယ်။

မှုံနံ့သာဆေးဆိုးတို့ခြယ်သထားတဲ့မျက်နှာထက်မှာ ဒေါသ၊မာန၊အတ္တတို့နဲ့ မာယာကြွယ်စွာလှနေပါသော်လည်း တစ်စုံတစ်ရာကိုဆုံးရှုံးထားသလိုမျက်ဝန်းသေတွေနဲ့ အရှိန်အဝါတို့ကမှေးလျော့နေခဲ့တယ်။

ရန်ကုန်မြို့ရဲ့ရှုပ်ထွေးတဲ့ယဉ်ကျေးမှုလို့ဆိုရမယ့် ခေတ်ဆန်တဲ့အဆောင်‌အယောင်မျိုးစုံနဲ့လူများစွာရှိနေကြတဲ့ အိမ်ရာစီမံကိန်းဖွင့်ပွဲကို ရှယ်ယာပါဝင်ထားသူတစ်ယောက်အနေနဲ့သူမတက်ရောက်လာခဲ့တယ်။အသက်မဝင်သောအပြုံးတွေနဲ့တောင်ဟန်ဆောင်မပြုံးနိုင်လောက်အောင် ချေမိုးနေတဲ့မျက်နှာထားနဲ့ထိုင်နေခဲ့တယ်။

ရုတ်တရက်ဝင်လာတဲ့ notiသံကြောင့် သူမရဲ့ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ရာမှာတော့ နှုတ်ခမ်း‌တွေကိုပိုမဲ့လိုက်တယ်။
{ဆူးခက်နွယ်လည်း ဒီနေ့ပွဲမှာရောက်နေတယ်ပြီးတော့အခု သူတစ်ယောက်တည်းဒီအဆောက်အဦးရဲ့လသာဆောင်မှာရှိနေတယ်}

ဒီလို အမည်မသိနံပါတ်တစ်ခုကနေ နန်းမူယာဆီကို စာတွေပို့နေခဲ့တာ ရက်ပိုင်းလောက်ရှိပြီ။အမြဲတမ်းပို့နေခဲ့တဲ့အကြောင်းကလည်း သူမချစ်ရတဲ့အမျိုးသားကိုရယူသွားခဲ့တဲ့ရင်းရင်းနဲ့ အနီးဆုံးနေခဲ့ဖူးတဲ့ ဆူးခက်နွယ်ဆိုတဲ့မိန်းမရဲ့ မုန်းစရာအကြောင်းတွေ...

အငြိုးထားရလောက်တဲ့အထိ ခိုင်လုံတဲ့အကြောင်းပြချက်မျိုးမရှိတောင် သူမကို တစ်သက်မကြေတဲ့ရန်သူမျိုးလိုအရမ်းမုန်းမိတယ်။သူတို့နှစ်ယောက်က အစွန်းနှစ်ဖက်က တစ်ဖက်တစ်ချက်ဆီမှာတည်ရှိနေကြတဲ့မပေါင်းစည်းနိုင်တဲ့သူတွေလို၊သူများတွေကဘဝအဆက်ဆက်ကဖူးစားရှင်ဆို သူတို့ကဘဝအဆက်ဆက်ရန်သူတွေလိုမျိုး။

ခွန်ဇီနဲ့ဟိုကလေးသာသာကောင်လေးကလည်း ဘယ်တွေရောက်နေပြီး ဘာသတင်းမှမရတာကြောင့် နန်းမူယာရဲ့ရင်ထဲ အတွေးများစွာနဲ့သောကတွေကနှိပ်စက်လို့နေတယ်။ပွဲထဲကထွက်လာပြီး ဓာတ်လှေကားကိုအသုံးပြုကာ လသာဆောင်ရှိရာဆီဦးတည်ခဲ့တယ်။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now