Intro & Author's Note

1.1K 10 2
                                    

"ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ်  ချစ်ခြင်းတရားတွေနဲ့ ပြန်လည်ဆုံတွေ့ကြမယ်"

ရိုရှင်းတဲ့စကားတစ်ခွန်း...
နက်ရှိုင်းတဲ့ကတိသစ္စာတွေ...
အသစ်တစ်ဖန်တိုင်းမှာယှဉ်တွဲတည်ရှိနေလိမ့်မယ်...

မြန်မာနိုင်ငံသူရှမ်းတရုတ်အနွယ်မိန်းကလေးနန်းမူယာနဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ထိုင်းနိုင်ငံသားခွန်ဇီက ချစ်သူမိန်းကလေးရဲ့စေ့စပ်ကြောင်းလမ်းချင်ပါတယ်ဆိုတဲ့တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံမှာလာရောက်နေထိုင်ခဲ့ရတယ်။

ခနလာလည်တဲ့သဘောမျိုးမဟုတ်သလို ခွန်ဇီက ထိုင်း-မြန်မာ ပူးပေါင်းအဖွဲ့အစည်းတစ်ခုရဲ့ဒုဥက္ကဌဖြစ်တာကြောင့် အခြေချနေထိုင်ဖို့လည်းလိုအပ်တယ်။ဒါ့အပြင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်းတိုးချဲ့ဖို့အစီအစဉ်ရှိတာကြောင့် မြန်မာနိုင်ငံမှာအချိန်ကြာကြာနေဖို့ရာဖြစ်လာခဲ့တယ်။

တစ်ဖက်မှာလည်း တရုတ်ဘက်ကို ပရဟိတအလုပ်လျှောက်တဲ့ဘန်ကောက်သားလေးရင်းရင်းကလည်း transfer အမှားအယွင်းတစ်ခုကြောင့် မြန်မာနိုင်ငံဘက်ကိုကျလာခဲ့တယ်။

ဒါကြောင့်အိမ်နီးချင်းဖြစ်တဲ့နိုင်ငံကိုပဲရောက်လာပြီး မားရဲ့သူငယ်ချင်းဖြစ်တဲ့ ရန်ကုန်က အန်တီတစ်‌ယောက်အိမ်မှာနေဖို့ဖြစ်သွားတယ်။

အဲဒီမှာ ရင်းထက်အသက်တော်တော်ကွာတဲ့အမကြီးတစ်ယောက်ဖြစ်တဲ့ဆူးခက်နွယ်ကြောင့် အနေအထိုင်ကြပ်ခဲ့ရတယ်။မကြီးနဲ့ကပုံမှန်မောင်နှမဆက်ဆံရေးသာရှိပေမယ့် ရင်းကိုသူမွေးထားတဲ့ကြောင်လေးတစ်ကောင်လိုမျိုးချုပ်ချယ်ပြီး အခြားသူတစ်ယောက်လက်ထဲကိုမရောက်သွားစေချင်တဲ့အထိအတ္တကြီးတယ်။

တစ်နေ့မှာရင်းရင်းတစ်ယောက် ရှမ်းပြည်ဘက်ကို အဖွဲ့က‌လူတွေနဲ့ခရီးထွက်တဲ့အစီအစဉ်က သူ့ဘဝအတွက် တစ်ဆစ်ချိုးပြောင်းလဲမှုကြီးကိုခေါ်ဆောင်သွားခဲ့တယ်။

ထုတ်ဖော်ပြောဖို့ခက်တဲ့တိတ်တခိုးအချစ်တွေရယ်~

နန်းရဲ့တစ်သက်တာလုပ်ယူခဲ့ရတဲ့တဇွတ်ထိုးမှုတွေရယ်~

ဆူးရဲ့တစ်ဖက်စွန်းရောက်လွန်းတဲ့အတ္တတွေရယ်~

ဘာတွေဆက်ဖြစ်ကြမှာလဲ?

A/N
မင်္ဂလာပါရှင့် ဒါကတော့ ဒုတိယမြောက်ဖန်တီးမယ့် ZNN fan fiction လေးတစ်ပုဒ်ပါရှင့် ပထမရေးခဲ့တဲ့ Missing Piece အမည်ရတဲ့တစ်ခုက ဖုန်းပြောင်းလိုက်တာ‌ေကြာင့်accထဲလုံးဝပြန်ဝင်မရတော့လို့ဆက်မရေးဖြစ်တော့တာပါ။‌အဲဒီအတွက်အများကြီးတောင်းပန်ပါတယ် အရမ်းလည်းနှမြောမိပါတယ်ရှင်။

အခုရေးမှာလေးက ZeeNuNew first concert ဖြစ်တဲ့ Another lifeကို ideaရပြီး ကိုယ့်စိတ်ကူးလေးနဲ့ရေးဖြစ်သွားတာပေါ့နော်။စိတ်ထဲမှာတကယ်ဖန်တီးချင်တဲ့ plotလေးလည်းရှိတာကြောင့်အကောင်အထည်ဖော်လိုက်တာပါ။

ဒီတစ်ခုက နေရာဒေသ၄ခုကိုပုံသေထားပြီးရေးမယ်ပေါ့နော် ရှမ်း၊ချင်းရိုင်၊ရန်ကုန်၊ဘန်ကောက်ဆိုတဲ့နေရာတွေပေါ့။ ဒါပေမယ့်အဓိက မြန်မာနိုင်ငံကိုပဲရေးသွားမှာပါ ဖတ်မယ့်သူလေးတွေကလည်း ကိုယ့်နိုင်ငံမှာ ကိုယ်ချစ်ရတဲ့လူသားလေးတွေသွားလာလှုပ်ရှားတာကိုစိတ်ကူးကြည့်ပြီးကြည်နူးချင်ကြမယ်ထင်ပါတယ်။

ဒါကြောင့် Another lifeရဲ့ branches တစ်ခုအနေနဲ့ထုတ်ရေးလိုက်တာပါ။

နိုင်ငံကိုသာမန်အခြေအနေတစ်ခုအနေနဲ့ပဲ‌ရေးထားပေးပါတယ် ဘာလို့လဲဆိုတော့မတည်ငြိမ်တဲ့နိုင်ငံအခြေအနေကြီးတွေကြားမှာစိတ်ပြေလက်ပျောက်ဖြစ်စေချင်လို့ပါ ။ အားပေးကြမယ်လို့မျှော်လင့်ပါတယ်။

💙ခွန်ဇီ(Khun Z)
🧡ရင်းရင်း(Nong Rin)

နာမည်လေးတွေကိုမြန်မာလိုပဲရေးမှာပါ မြန်မာနိုင်ငံမှာဆိုတော့အဲ့လိုလေးရေးရတာပိုပြီးသဘာဝကျလို့ပါ😁

fan artလေးတွေဆွဲထားတဲ့ artistဆီက ပုံလေးတွေယူသုံးဖို့ခွင့်ပြုချက်ရထားပါတယ်နော်။မေးပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်💗

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

fan artလေးတွေဆွဲထားတဲ့ artistဆီက ပုံလေးတွေယူသုံးဖို့ခွင့်ပြုချက်ရထားပါတယ်နော်။
မေးပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်💗

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Where stories live. Discover now