🌊 6 ☁️

223 6 2
                                    

ချစ်တာတစ်ခုတည်းသိတဲ့ဦးထီးရဲ့သီချင်းသံက ရှမ်းဆိုင်လေးအတွင်းခပ်လွင့်လွင့်။

သိတဲ့စာသားတစ်ကြောင်းနှစ်ကြောင်းရောက်တိုင်း ခပ်တိုးတိုးလိုက်ဆိုနေတဲ့ မြန်မာအသံဝဲဝဲကဩရှရှနဲ့တစ်မျိုးနားထောင်ကောင်းနေပုံက ခန့်ငြား၍ယောကျာ်းတစ်ဦးရဲ့အသွင်အပြင်အပြည့်နဲ့ အမျိုးသားတစ်ဦးဆီမှပင်၊ထိုအချင်းအရာများကို မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အလွန်လှပသောချစ်စဖွယ် ယောကျာ်းပျိုးလေးတစ်ဦးက တိတ်တခိုးငေးကြည့်နေမိတဲ့မြင်ကွင်းလေးက ကဗျာဆန်လိုက်ပေ၏။

တစ်ရက်နီးပါး ဘာအစားမှမဝင်တာကြောင့် အားနည်းနေလိမ့်မည်ဖြစ်တဲ့ မိမိစိတ်နှလုံးကိုအပိုင်ပေးအပ်ထားရသောကလေးငယ်ကို တစ်ခုခုကျွေးရန် အိမ်အနီးအနားကဆိုင်တစ်ခုကိုခေါ်လာခဲ့တယ်။မေခင်ကတော့ အစားအစာတစ်ခုခုလုပ်ပေးမယ်ပြောသော်လည်း ထိုကလေးမှာအားနာနေဟန်ရှိတာကြောင့်စီစဉ်လိုက်ရခြင်းဖြစ်တယ်။

ရှမ်းခေါက်ဆွဲနဲ့တို့ဟူး‌နွေး၂ပွဲမှာထားတာလာချပြီး ထိုအားလုံးမှာရင်းရင်းအတွက်သာဖြစ်တယ်။ခွန်ဇီကတော့ မနက်အစောကတည်းကစားပြီးဖြစ်တာကြောင့်ဗိုက်မဆာ၍မမှာတော့ပေ။အရှေ့ကတူနဲ့ခေါက်ဆွဲနေကိုနယ်ဖတ်နေတဲ့အားပြတ်နေပုံပေါ်တဲ့ကောင်ငယ်လေးကိုကြည့်ရတာဒီနေ့စားဖြစ်မယ်မထင်တာကြောင့် ပန်းကန်ဆွဲယူပြီး သေချာနှံ့စပ်အောင်နယ်ကာ သူ့‌ဆီပြန်တိုးပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"ဆိုပြီးချိုသာချိုသာသာအပြုံးလေးနဲ့စကားဆိုကာ စားစရာတွေကိုခေါင်းမဖော်တမ်းစားနေတဲ့ထိုကလေးဟာအလွန်ရှက်တတ်သော်လည်းမူယာမာယာကင်းလှတယ်။ခေါက်ဆွဲနယ်ပေးတဲ့အချိန်ကသူ့ကိုအားကိုးတဲ့မျက်လုံးဝိုင်းလေးတွေနဲ့ဘာအထွန့်မှမတက်ပဲကြည့်နေတာတကယ့်ကလေးလေးလိုပင်။

ထိုနေရာမှာနန်းသာဆိုအိမ်ရှင်မကြီးတစ်ယောက်လိုသူ့ဘာသာသူလုပ်မယ်ဆိုတာသေချာမလွဲ။ငယ်စဉ်ကတည်းကလူကြီးတစ်ယောက်လိုပြုမူပြီး စိတ်ခန့်မှန်းရခက်တဲ့နန်းဟာအရာရာနားလည်မှုရှိသလိုနေတတ်သော်လည်း ဒါကအစစ်အမှန်မဟုတ်တဲ့ဟန်‌ဆောင်မှုဆိုတာခွန်ဇီမြင်နိုင်တာကြောင့် ဒီအချက်ကိုတော့ဘဝင်မကျသော်လည်း ထုတ်မပြောဖြစ်ပေ။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)حيث تعيش القصص. اكتشف الآن