🌊 17 ☁️

201 8 2
                                    

ဖန်ခွက်နဲ့ရေခဲတုံးလေးတွေကြားရိုက်ခက်ရာမှထွက်ပေါ်လာတဲ့အသံလေးတွေကတချွင်ချွင်
အောက်ခြေကပ်နေပြီဖြစ်တဲ့ ၃ခွက်မြောက်လိမ္မော်ရည်ကိုနှုတ်ခမ်းဖူးလေးကိုဟကာအကုန်မော့သောက်ပစ်လိုက်တော့တယ်။

ဘေးမှာထိုင်နေတဲ့ လူကြီးနှစ်ယောက်ရဲ့လုပ်ငန်းအကြောင်းစကားဝိုင်းကလည်းပျင်းစရာကောင်းစွာပင် နားမလည်နိုင်တာတွေဖြစ်တာကြောင့် ရင်းရင်းသက်ပြင်း‌လေး ခိုးချလိုက်မိတယ်။

အကိုနဲ့သူ့ရဲ့သူငယ်ချင်းက alchol အပြင်းစားတွေကိုနည်းနည်းစီ စိန်ပြေနပြေသောက်ရင်းနဲ့ အလုပ်အကြောင်း၊အရင်အကြောင်းတွေကိုပြောဆိုနေကြတာအတော်လေးကြာနေပြီ။

အကိုနဲ့ရွယ်တူမြန်မာပြည်သားအကိုကြီးတစ်ယောက်က ညဦးပိုင်းလောက်ကကွန်ဒိုကိုရောက်လာတာ ညအတော်လေးမိုးချုပ်နေတာတောင်မပြန်နိုင်သေးပဲစကားကောင်းနေတုန်းပင်။ညစာလည်းမစားရသေးတာကြောင့် ဗိုက်ဆာနေတာတောင် အဆာလွန်ပြီး လိမ္မော်ရည်တွေနဲ့သာပြည့်နေတော့တယ်။

"ရင်းသွားအိပ်တော့မယ် အိပ်ချင်နေပြီ"

"ကောင်းပြီ ဪ ညစာမစားရသေးဘူးမဟုတ်လားရင်း ကိုယ်ပြောတယ်လေ ကိုယ့်ကိုမစောင့်ပဲစားနှင့်ဖို့ ကိုယ်ကစားချင်မှစားတော့မှာ"

"ရင်းလည်းမစားနိုင်တော့ပါဘူး သွားတော့မယ်"

"ဒါဆိုလည်း အိပ်တော့ ကိုယ်ခနနေရင် လာခဲ့မယ်"

အကိုကဧည့်သည်ရှေ့မှာလည်းဘယ်လိုတွေပြောလိုက်တယ်မသိ၊နှစ်ယောက်အတူတူအိပ်တယ်‌ထင်နေတော့မယ်။အရင်နေ့ညက တစ်ခန်းတည်းအိပ်တယ်ဆိုပေမယ့် အကိုကမအိပ်ပဲ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးဆိုတဲ့အလုပ်တွေကို စီစစ်ပြီးဘယ်အချိန်မှပြီးသွားတာလဲသတိမထားမိပေမယ့် ရင်းနိုးလာတော့ အကိုကသူ့အလုပ်စားပွဲမှာပဲအိပ်ပျော်နေခဲ့တာ။

တစ်ယောက်ထဲလည်းမနေချင်လို့ အရှေ့လျှောက်လိုက်၊အနောက်လျှောက်လိုက် အကိုတို့ဘေးမှာဝင်ထိုင်နေရင်းကနေ အိပ်ငိုက်လာတယ်လို့ခံစားမိပေမယ့်  ကိုယ်လက်သန့်စင်ပြီးအိပ်ရာပေါ်မှာလှဲမိတော့လည်းအိပ်မပျော်ပေ။

ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ