အဲ့ဒီအချိန်တုန်းကတော့ ၀မ့်ရှားရဲ့ပရိသတ်တွေက ကုမျန်က မကောင်းဆိုးဝါးမလို့ တွေးခဲ့ကြတယ်။

၀မ့်ရှားက ဒီနှစ်ဆို အသက် 24 နှစ်သာရှိသေးတယ်။ သူမက သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ အလုပ်များနေပြီး လက်မထပ်ရသေးပေ။ ကလေးက ဘယ်ကရောက်လာတာလဲ။

အခြားဖြတ်သွားဖြတ်လာ ပရိသတ် အများအပြားကလည်း ကုမျန်က မလိုမုန်းထားနေတယ်လို့ တွေးခဲ့ကြပြီး သူမပြောတာကို မယုံခဲ့ကြဘူး။ ၀မ့်ရှားကသာ ကလေးမွေးချင်တယ်ဆိုရင် သူမက နယ်ပယ်ထဲကနေ ခဏလောက် ထွက်သွားရမှာ သေချာတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ သူမရဲ့ အချိန်ဇယားက အရမ်းပြည့်နှက်နေခဲ့ပြီး ကလေးယူဖို့ အချိန်မရှိပါဘူး။

ဒါကြောင့် အဖြစ်အပျက်တွေ ပြောင်းပြန်ဖြစ်သွားတော့ အားလုံးက အံ့သြသွားကြတယ်။

၀မ့်ရှားက ကလေးတစ်ယောက်မွေးထားတယ်လို့ ဘယ်သူထင်နိုင်မှာလဲ။

၀မ့်ရှားရဲ့ခြောက်နှစ်အရွယ်သားလေးအကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။ ဘယ်ဆေးရုံမှာ သူမမွေးခဲ့တာလဲဆိုတဲ့ သတင်းအချက်အလက်တွေတောင် ရှိခဲ့ပါတယ်။

ဒါ့အပြင် သူမသားလေးရဲ့ မှုန်ဝါးဝါးဓာတ်ပုံအချို့လည်း ရှိ‌သေးတယ်။ ကလေးရဲ့မျက်နှာက မှုန်ဝါးနေပေမယ့်လည်း ကလေးနဲ့ပါနေတဲ့ သက်ကြီးရွယ်အိုနှစ်ဦးကတော့ တကယ့်ကို ဝမ့်ရှားရဲ့မိဘတွေပင်။

ပြီးတော့ ၀မ့်ရှားလို့ သံသယရှိတဲ့ ကလေးတစ်ယောက်ကိုချီထားတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံတစ်ပုံလည်း ရှိတယ်။

နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ၀မ့်ရှားက သူ့သားကို နာနီဖြစ်သူက တနှစ်ပတ်လုံးနှိပ်စက်ခဲ့လို့ အော်တစ်ဇင်ခံစားနေရတာကို သိပေမဲ့ သူ့ကို ဆေးကုသပေးဖို့ ဆေးရုံကို မခေါ်သွားခဲ့ဘူးလို့ သတင်းရင်းမြစ်က ဆိုတယ်။ ၀မ့်ရှင်းယွမ်နဲ့ သူမရဲ့ဆက်ဆံရေးအကြောင်း လူတွေကို သူမ မသိစေချင်တာဖြစ်နိုင်သလို တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် သူ့သားကို အချိန်မီ ကုသမှုခံယူဖို့ ခွင့်မပြုခဲ့တာကတော့ အငြင်းပွားစရာအချက်အလက်တစ်ခုပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now