သေချာပြီ။ ဖျော်ဖြေရေးနယ်ပယ်ကြီးက ပြင်ပကမ္ဘာက ကောလဟာလတွေလို ပရမ်းပတာဖြစ်နေတာပဲ။

တစ်ယောက်ယောက်က မြွေအတုကို တကယ့်မြွေအစစ်နဲ့ အစားထိုးထားတယ်။

ကုမျန်က ခုနစ်လက်မမြွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး "အပြင်အရင်ထွက်ကြရအောင်"

သူတို့နှစ်ယောက် သရဲအိမ်ကနေ ထွက်လာတာနဲ့ အပြင်ဘက်မှဧည့်သည်တွေက သူတို့နားကို ဝိုင်းအုံလာကြတယ်။ မင်းသမီးတစ်ဦးက သူမရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ ကုမျန်ရဲ့လက်ကို ရစ်ပတ်နေတဲ့ အနက်ရောင်မြွေကို မြင်လိုက်ရတယ်။ ဟွားရုန်က ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားပြီး "ကုမျန်၊ နင် ဘာကိုင်ထားတာလဲ အဲ့ဒါ ဘာကြီးလဲ"

အခြားလူတွေက ၎င်းကိုမြင်သွားကြပြီး ကုမျန်နဲ့ ခပ်ဝေးဝေးနေလိုက်ကြကာ သိချင်စိတ်နဲ့မေးလာကြတယ်။"ဒီမြွေက ဘယ်က ရောက်လာတာလဲ"

"ဘာလို့ ဒီမြွေက အစစ်လို့ထင်ရတာလဲ"

"ဒီမြွေက အဆိပ်ရှိလား"

"ဒါကို ပရိုဂရမ်အဖွဲ့က စီစဉ်ထားတာလား"

ကုမျန်က သူတို့ရဲ့မေးခွန်းတွေကို တိုတိုတုတ်တုတ်ပဲ ပြန်ဖြေတယ်။“သရဲအိမ်ထဲကနေ မြွေကို ကောက်လာတာ အဆိပ်မရှိဘူး”သူမက ‌ ဘေးတစ်ဖက်ရှိ ၀မ့်ရှားရဲ့မျက်နှာကို ကြည့်လိုက်တယ်။

၀မ့်ရှားရဲ့အမူအရာက မူမမှန်မဖြစ်နေဘူး။ စိုးရိမ်စိတ်အနည်းငယ်ရှိနေတဲ့ တခြားသူတွေနဲ့ အတူတူပါပဲ၊ ဒါက သူမလုပ်ခဲ့တာဟုတ်မဟုတ် သိဖို့ မဖြစ်နိုင်ဘူး။

ဒါပေမယ့် ကုမျန်ကတော့ ဒီကိစ္စကို ၀မ့်ရှားလုပ်ခဲ့တာဆိုတဲ့ သူမရဲ့နှလုံးသားထဲက အားကောင်းတဲ့ အလိုလိုသိစိတ်ရှိနေတယ်။

လော့ချယ်က အခုအချိန်မှာ ဒါရိုက်တာကြီးကို ဘာပြောရမှန်းမသိ ဖြစ်နေပြီ။ ဒါရိုက်တာကြီးရဲ့အမူအရာက အနည်းငယ်လေးနက်လာခဲ့တယ်။

ခဏအကြာမှာ သူရောက်လာပြီး “ဘာမြွေအစစ်မှ ပရိုဂရမ်အဖွဲ့က မစီစဉ်ထားဘူး မင်းတို့ရဲ့ဘေးကင်းလုံခြုံရေးအတွက် သရဲအိမ်ကိုလည်း ငါတို့ကြိုပြီးစစ်ဆေးထားတယ် သရဲအိမ်မှာ လူတွေကို တကယ်ဒုက္ခပေးနိုင်တဲ့ဟာ ဘာမှမရှိဘူး လုံခြုံသင့်တယ်”

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now