"ထားလိုက် ကိစ္စမရှိဘူး.. ချူရှောင်းက အမတ်တစ်ယောက်ရဲ့ သမီးကြောင့်နဲ့တော့ ပန်ကုန်းကို သတ်ပါ့မလား.. ပြသနာဖြစ်လဲ ယွီဝမ်ကျယ်ပဲဖြစ်မှာ.. ပန်ကုန်းက ပွဲကြည့်ပရိတ်သတ်ပဲ.."

ရှောင်းကျန့်က ပြောနေရင်း ရပ်လိုက်ပြီး ထပ်ဖြည့်ပြောတယ်။

"အဲဒီယွီဝမ်ကျယ်က ရူးနေပြီထင်တယ်.. ပန်ကုန်းဘက်က ဒီလိုမျိုး သောင်းကျန်းလေ သူက ပိုကြိုက်လေ ဖြစ်နေတယ်"

ရှောင်းကျန့် ဒီလောက်ထိ တက်တက်ကြွကြွ ဆူဆူပူပူ ပြောဆိုနေတဲ့ပုံကို ပုယွီ မမြင်ရတာကြာလှပြီ၊ လွန်ခဲ့တဲ့ ၃ နှစ်လုံး ရှောင်းကျန့်က ခံစားချက်မရှိတဲ့ သစ်ပင်တစ်ပင်လို နေခဲ့တာမဟုတ်လား၊ ပုယွီငေးကြောင်နေတုန်း ရှောင်းကျန့်က သူ့ကိုခေါ်လာတယ်၊ ပုယွီလဲ အသိပြန်ကပ်လာပြီး ရှောင်းကျန့်ကို ညနေစာအတွက် မေးမြန်းတယ်။

ရှောင်းကျန့်က လက်ခါပြပြီး စားချင်စိတ်မရှိကြောင်း ငြင်းတယ်၊ ပြီးတာနဲ့ ဉာဏ်များတဲ့မြေခွေးလေးလို ပြုံးလိုက်ရင်း ဆိုလာတယ်။

"ဒီညလုပ်စရာရှိတယ်.. ပြင်ဆင်ထား"

ညည့်နက်ချိန်မှာတော့ ရှောင်းကျန့်နဲ့ ပုယွီက အမည်းရောင်ဝတ်စုံကိုယ်စီဝတ်ပြီး ထွက်လာတယ်၊ ဒီလိုကိစ္စမျိုးက ပုယွီလုပ်နေကြပါ၊ ဒီနေ့ နန်းတော်ထဲကိုဝင်ရမယ်လို့ ပုယွီကထင်နေတာ၊ ဒါပေမဲ့ ရှောင်းကျန့်ကသူ့ကို အရှေ့နန်းဆောင်ရဲ့အတွင်းဘက်ကျကျနေရာကို ခေါ်လာတယ်။

ရှောင်းကျန့် လမ်းပျောက်နေတယ်အထင်နဲ့ ပုယွီက မေးတယ်။

"အရှင်.. ငယ်သားတို့နေရာ.."

"ရှူး!"

ရှောင်းကျန့်က သူ့ကိုလှည့်ကြည့်ပြီး တိတ်တိတ်နေဖို့ အချက်ပြတယ်။

အရှေ့နန်းဆောင်ရဲ့ အရှေ့ဘက်အကျဆုံးနေရာ ရောက်တဲ့အထိ သူတို့နှစ်ယောက် မှောင်ရိပ်ခိုပြီး လျှောက်လာကြတယ်၊ သိပ်မကြာခင်မှာပဲ အမှောင်ထဲမှာ မျှော်စင်ထီးထီးကြီးတစ်ခုပေါ်လာတယ်၊ မျှော်စင်က သိပ်မမြင့်လှဘူး၊ ဒါပေမဲ့ အရှေ့နန်းဆောင်ရဲ့ မီးမထွန်းထားတဲ့ တစ်ခုတည်းသော အဆောက်အဦးဖြစ်နေတယ်၊ ပတ်ဝန်းကျင်က အေးစက်ပြီး လူသူကင်းမဲ့တယ်၊ အမေ့လျော့ခံ ဖြစ်နေရာကနေ အနားကပ်မသွားရဲတော့တဲ့ တစ္ဆေမျှော်စင်ကြီး ဖြစ်လာပုံရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now