လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆

Zacznij od początku
                                    

" ဟုတ်ကဲ့"

နောင်ရိုးရိပ်မိပါသည်။ ဘာကြောင့် သူ့သူဌေး ထိုမူကြိုဆရာလေးကို ကျောင်းပြောင်းလာစေချင်သလဲဆိုတာ။

အဓိကက အချစ်ပန်းရဲ့ မမကိုပါ လက်တွဲဖော်ရှိနေစေချင်တာ။ ဒါမှလည်း ထိုအမျိုးသမီးက နားလည်ပေးနိုင်မှာမဟုတ်လား။ ပြီးတော့ သူဌေးလည်း လာဗန်ဒါတို့သားအမိနားပိုပြီးကပ်နိုင်သည်လေ။

သူဌေးကတော့ ကွက်ကျော်မြင်တတ်ပြီးအသေအချာစီစဉ်နေတော့တာ။ အစီအစဉ်တွေဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမည်။ သူဌေးကျော်ဖြတ်ရမှာတွေက အများသားမဟုတ်လား။

...........

အန်တီတုနှိုင်းရတီကြောင့် မိုးမြေလည်းအနေကြပ်နေပြီဖြစ်သည်။

ယခုလည်းကြည့် ကိုရီးယားကို အထုတ်ကြီးအထုတ်ငယ်နဲ့ရောက်ချလာသည်။

" သားက သမီးဆီမကြာမကြာလာမှာသိလား မေမေပြောထားတယ်"

" ဟုတ်ကဲ့ အန်တီ အဲ မေမေ"

" သားကလည်း အလုပ်ကိုလောဘကြီးလိုက်တာ၊ မြေးလေးက သူ့မတူပဲ အဖွားနားကပ်မယ့်ကလေးဆိုကောင်းမယ်"

" မိုးမြေဘာစားချင်လဲ ပြောလေ"

" ရပါတယ် မိုးမြေ ထမင်းသုပ်ပဲခံတွင်းတွေ့နေတာ အဲ့တာတွေပဲစားချင်နေတော့တာ ကြက်ကြော်တို့လေ"

" ဟုတ်လား သားအနန္တကို ကိုယ်ဝန်ဆောင်တုန်းက မေမေဖြင့် အသီးတွေချည်းစားတာများတယ်။ ဘယ်လိုနေနေစားချင်တာရှိများများစား ဒါမှကလေးကို ကျန်းကျန်းမာမာနဲ့မွေးနိုင်မှာ"

"ဟုတ်ကဲ့မေမေ"

ဒီလိုမျိုးသမီးတယောက်လိုရော မြေးလေးဆိုတဲ့မျှော်လင့်ချက်တွေနဲ့သေချာစောင့်ရှောက်တော့ မိုးမြေ အားနာမိသည်။ ကလေးရဲ့ဖခင်အစစ်က သေလားရှင်လားမသိသေးတော့ မောင့်ရဲ့မိဘတွေဆီသွားဖို့ကလည်း မဝံ့ရဲပါ၊ သူမတို့တွဲနေတာပင် အသိ ပေးမထားကြတော့ သတင်းမေးဖို့ပင် ပွင့်ပွင့်လင်းလင်းမပြောရဲ။ ဖေဖေ့ကို ကုသပေးနေတဲ့ဆရာတွေအနေနဲ့သာ စကားပြောဖူးတာမလား။

မောင့်ကိုလွမ်းတိုင်းလဲ သူမတို့အတူရိုက်ထားသည့် ဓာတ်ပုံလေးကိုကြည့်ပြီး အလွမ်းဖြေရသည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းOpowieści tętniące życiem. Odkryj je teraz