ကုမျန်က တကယ်တော့ တခြားသူတွေရဲ့ဘဝကို သိပ်စိတ်မဝင်စားပေမယ့် ခန်ယန်ယန်က ဒီလိုပြောလာတဲ့အတွက် သူမက ရင်းရင်းနှီးနှီးမေးမြန်းလိုက်တယ်။ "ဘာအတင်းအဖျင်းလဲ?"

ခန်ယန်ယန်က ဖုန်းရဲ့အခြားတစ်ဖက်က သူမရဲ့အသံကို တမင်လျှော့ချလိုက်တယ်။"တစ်ယောက်ယောက်က ဒါရိုက်တာ၀မ်နဲ့ ၁၈ဆင့်မင်းသမီးကို မြေအောက်ကားပါကင်မှာ တွေ့လိုက်ရတယ် သူက ကလေးမလေးကိုနမ်းဖို့ ကြမ်းပြင်ပေါ်တောင်ဖိထားလိုက်သေးတယ်တဲ့ ကျစ်!ကျစ်! တော်တော်အရှက်မရှိတာပဲ"

ကုမျန်အံ့သြသွားရတယ်။"ဒါရိုက်တာ၀မ်? ၀မ်ခိုင်လား?"

ခန်ယန်ယန်က အနည်းငယ် အံ့အားသင့်သွားတဲ့လေသံနဲ့ မေးလာတယ်။"ကုရှောင်မျန်၊ နင် ဒီကိစ္စကို သိထားပြီးသားလား"

ကုမျန်က နှုတ်ခမ်းဟလိုက်ရင်း "မဟုတ်ဘူး၊ ငါမသိပါဘူး"

ခန်ယန်ယန်က သက်ပြင်းချလိုက်တယ်။ "အဲ့ဒါက ဒီနယ်ပယ်ထဲက နာမည်ကြီးလူအိုကြီးရဲ့နာမည်ဆိုတော့ နင်လည်း ကြားဖူးထားလို့ ဖြစ်ရမယ်"

တကယ်တော့ ကုမျန်က ၀မ်ခိုင်ရဲ့ နာမည်ကို တခြားသူတွေဆီကနေ တခါမှမကြားခဲ့ဖူးဘူး။ "I'm So Popular" ကြောင့်သာ ၀မ်ခိုင်ကို သူမသိတာပင်။

မူလဇာတ်ကြောင်းမှာ အမျိုးသမီးဇာတ်ဆောင် ရွှယ်ကွေ့၀မ်နဲ့တွေ့ခဲ့တဲ့ တဏှာရူးဒါရိုက်တာက ၀မ်ခိုင်ဖြစ်တယ်။ သူမ သန့်စင်ခန်းသွားတော့ ၀မ်ခိုင်က ပရောပရည်လုပ်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပေ။ သူ ဇာတ်လိုက်မင်းသမီးကို တိုက်ခိုက်ခါနီးမှာ အမျိုးသားဇာတ်ဆောင်က အချိန်မီပေါ်လာပြီး အမျိုးသမီးဇာတ်ဆောင်ကို အဝေးခေါ်ထုတ်သွားခဲ့တယ်။အမျိုးသမီး ဇာတ်ဆောင်ကို ကာကွယ်နေတဲ့ အမျိုးသားခေါင်းဆောင်ရှိတယ်ဆိုတော့ ၀မ်ခိုင်က (လွှတ်ပေးဖို့)ဆန္ဒမရှိရင်တောင် သူက အမျိုးသမီးခေါင်းဆောင်ကို လွယ်လွယ်မတိုက်ခိုက်ရဲခဲ့ဘူး။

ဒါပေမယ့် ဇာတ်ကြောင်းက ပြောင်းလဲသွားတာပဲ။

ကုမျန်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းတွေးတောကြည့်နေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now