လော့ကျစ်ယွီက သူ့ဝမ်းကွဲကို ပုခုံးပုတ်လိုက်ပြီး "မင်းမိဘတွေက ငါ့ခယ်မလေးကို အရမ်းကြိုက်တယ်၊ အရမ်းကောင်းတယ်"

လော့ချယ်က မျက်လွှာချပြီး နူးညံ့စွာ ပြုံးလိုက်တယ်။

---

ကုမျန်က သူမအိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ အအေးမိသွားလို့ နေထိုင်ရမကောင်းဖြစ်နေတာကြောင့် ရေနွေးနဲ့ပဲ ရေချိုးပြီး အိပ်ရာဝင်ဖို့ စီစဉ်ခဲ့တယ်။

သူမက မိတ်ကပ်ကိုဖယ်ရှားကာ ရေချိုးပြီး ဆံပင်ကိုခြောက်သွေ့စေပြီးနောက် ဖုန်းခနကြည့်ခဲ့တယ်။ သူမရဲ့ဖုန်းထဲမှာ မက်ဆေ့ချ်တွေ အများကြီးရောက်နေတယ်။

သူမက WeChat ကိုဖွင့်ပြီး မက်ဆေ့ခ်ျတွေကို တစ်ခုပြီးတစ်ခု ဖတ်တယ်။

[လော့ချယ် : မင်း အိပ်ပြီလား]

[လော့ချယ် : စောစောအိပ်၊ ကောင်းသောညပါ] ကုမျန်ကလည်း ကောင်းသောညပါလို့ ပေါ့ပေါ့ပါးပါး replyပြန်လိုက်တယ်။

နောက်တစ်ခုကတော့ ခန်ယန်ယန်ဆီမှ WeChat မက်ဆေ့ခ်ျတွေပင်။

[ခန်ယန်ယန် : ကုရှောင်မျန်၊ ငါဒီနေ့အရမ်းပျော်နေတယ် ဟဟဟဟဟ ကျူးလီယဲ့ရဲ့အမူအရာကို နင်မမြင်လို့၊ အရမ်းရုပ်ဆိုးတာပဲဟယ်၊ လန်းဆန်းသွားတာပဲ]

[ခန်ယန်ယန် : ငါတစ်ညလုံးနေပြီး 'ခန်ယန်ယန် ဖိအားပေးတာခံနေရတဲ့ ကော်ဇောနီပေါ်က ကျူးလီယဲ့'ဆိုတဲ့ သတင်းမျိုးတွေ ထွက်လာတာကို စောင့်နေဦးမှာ၊ ပြီးတော့ ဒီလိုသတင်းမျိုးကိုကြည့်ပြီး ငါ ပျော်ချင်တယ်လေ ဟဟဟ]

[ခန်ယန်ယန် : ဒီနေ့လိုမျိုး ကော်ဇောနီပေါ်မှာ ငါနင်းခြေတာခံလိုက်ရတဲ့နေ့ရက် ရှိလာလိမ့်မယ်လို့ ကျူးလီယဲ့က ဘယ်တော့မှ တွေးမိမှာမဟုတ်ဘူး]

[ခန်ယန်ယန် : ကုရှောင်မျန် နင် အိပ်နေပြီလား ဒါဆိုရင် ငါ နင့်ကို မနှောက်ယှက်တော့ဘူးနော် ဒီနေ့လည်ဆွဲအတွက် ကျေးဇူးတင်ပါတယ် ငါ လည်ဆွဲကို နောက်တစ်နေ့ကျရင် သီးသန့်ပြန်ပို့ခိုင်းပြီး ညစာစားဖို့ ဖိတ်လိုက်မယ်]

ကုမျန်က အအေးမိပျောက်ဆေး သောက်ထားပြီးကာစဖြစ်ပြီး အခုအချိန်မှာတော့ ဆေးအာနိသင်က စတင်နေပြီဖြစ်တယ်။ လော့ချယ်ပေးလိုက်တဲ့ဆေးကို သူမ မသိပေမယ့်လည်း ထိုဆေးက ကောင်းကောင်းကြီး အလုပ်ဖြစ်သည်ပင်။ သူမသောက်ထားတဲ့ဆေးက လုံလောက်တယ်လို့ပြောပြီး သူက တခြားဆေး ထပ်မတိုက်ခဲ့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now