*243* ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်း

2.1K 320 21
                                    

သူ့လေသံမူမမှန်တာ သတိပြုမိလိုက်တဲ့ ရုန်ယိမှာ မျက်နှာတည်သွားပြီး ပတ်ပတ်လည်ကို သတိအပြည့်နဲ့ ကြည့်လိုက်သည်။
"တစ်ယောက်ယောက် ဒီနားမှာ ပုန်းနေတာလား"

တစ်ဖက်လူက ထွက်မလာတာကြောင့် ယင်ကျင်းရဲ့ ချက်ချင်းဘဲ သူ့ရဲ့ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်ကာ ထောက်လှမ်းကြည့်လိုက်ပေမဲ့ ဘာအရိပ်အယောင်မှ ရှာမတွေ့ပေ။ တစ်ဖက်လူက ထွက်သွားပြီးတာဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်က သူ့ထက်ပိုမြင့်နေခြင်းပင်။

သူ ရုန်ယိကို အမြန်ဆွဲထူလိုက်ပြီးနောက် ရုတ်တရက် အနက်ရောင်အရိပ်များစွာက ပြင်ဆင်ချိန်တောင်မပေးဘဲ အလင်းအလျှင်နဲ့ သူတို့ဆီပြေးဝင်လာကြတော့သည်။

ဒေါင်းဖြူကို ခေါ်နေရင်း ယင်ကျင်းရဲ့ သူတို့ဆီပြေးဝင်လာတဲ့ အနက်ရောင်အရာတွေကိုပါ ရိုက်ထုတ်နေရ၏။

ရုန်ယိကတော့ သူ့လက်ထဲက မြေပုံကိုသာသုံးပြီး အနက်ရောင်အရိပ်တွေကို ရိုက်ထုတ်နေလေသည်။ ထို့နောက် ယင်ကျင်းရဲ့သယ်သွားတာခံလိုက်ရပြီး သူတို့ဘက်ပျံသန်းလာနေတဲ့ ဒေါင်းဖြူပေါ် တက်လိုက်ကြသည်။

"ဘာဖြစ်တာလဲ"
ဒေါင်းဖြူက စိုးရိမ်တကြီး မေးလာသည်။

ရုန်ယိ မျက်မှောင်တွေ ခပ်တင်းတင်းကြုတ်သွားပြီး
"တစ်ယောက်ယောက်က ငါ့ကို ချောင်းတိုက်ခိုက်ဖို့လုပ်တာ"

"ဘယ်သူလဲ"

"ငါလည်းမသိဘူး.. ကျင်းရဲ့.. ခင်ဗျားရော ဘယ်သူလဲ တွေ့လိုက်လား"

ယင်ကျင်းရဲ့က မျက်နှာမည်းမှောင်စွာ ပြန်ဖြေလာသည်။
"မတွေ့လိုက်ရဘူး"

ရုန်ယိ သူတို့ထိုင်ခဲ့တဲ့နေရာကို ပြန်ကြည့်လိုက်၏။
"ဘယ်လိုတောင် ဖျက်လိုဖျက်ဆီးလုပ်ရတာလဲ"

သူနဲ့ယင်ကျင်းရဲ့တို့ အပြင်ဘက်မှာ ချိန်းတွေ့တာမျိုးက ရှားပါးလှပေမဲ့ အခုတော့ နှောင့်ယှက်ခံလိုက်ရပေပြီ"

ထို့နောက် သူတို့ထိုင်ခဲ့တဲ့နေရာမှာ အဖြူရောင်အရိပ်သဏ္ဍာန်တစ်ခု ပေါ်လာလေသည်။ အနီးကပ်သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှ သူသိတဲ့လူတစ်ယောက်ဖြစ်တဲ့ ပိုင်ယွမ်ချန်ပင်။
"သူဘဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin