*235* ရတနာမြေပုံ

2.3K 389 6
                                    


ရှန်းလွီ့ညွှန်ပြတဲ့တစ်ယောက်က ဖြူဖျော့နေတဲ့မျက်နှာနဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး မျက်ဝန်းတွေထဲ ပြင်းထန်လှတဲ့ အမုန်းတရားတွေပြည့်နှက်နေ၏။

"သူက..သူက..."
ရုန်ယိမှာ ရုတ်တရက် ထိုသူ့ရဲ့နာမည်ကို စဥ်းစားမရဖြစ်သွားသည်။

ရှန်းလွီ့က ပြောလာသည်။
"ကျုံးကုနယ်မြေက ဟိုင်ရှန်းမြို့ ဟိုင်လုရွာမှာ ကျွန်တော်နဲ့အတူနေခဲ့တဲ့ ကောင်လေးလေ.. ကျွန်တော်တို့ ပထမဆုံးတွေ့တဲ့အကြိမ်က ဆရာ့အတွက် လက်နက်သန့်စင်ခိုင်းခဲ့တဲ့ ကျန်းစွန်းကျစ်ချန်ဆိုတဲ့ လူငယ်လေးလေ"

ရုန်ယိ မျက်ခုံးတွေစုကြုံ့လိုက်မိသည်။
"သူ့မျက်နှာ အမုန်းတရားတွေပြည့်နှက်နေတာက သူ့အတွက် ရှင်နေရတာက သေရတာထက် ပိုနာကျင်နေရတဲ့ပုံဘဲ"

ရှန်းလွီ့ ထိုနေ့ရက်တွေက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မှတ်မိသွားကာ ဒေါသထွက်သွား၏။
"သူ့ဝိညာဥ်သွေးကြောကို ဖျက်ဆီးသွားတဲ့သူက တစ်ကယ့်ကိုယုတ်မာတာဘဲ.. မှော်လက်နက်ပညာရှင်ဖြစ်လာဖို့ဆိုတဲ့ သူ့အိပ်မက်က တစ်ခြားတစ်ယောက်ရဲ့ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးတာကိုခံလိုက်ရတယ်.. အဲ့အချိန်ကစပြီး သူကျင့်လည်း မကျင့်ကြံနိုင်တော့ဘူး..ဘယ်လိုလုပ် မမုန်းတီးဘဲ နေပါ့မလဲ..  သူ့နေရာမှာ ကျွန်တော်သာဆိုရင်လည်း တစ်ဖက်လူရဲ့လုပ်ရပ်ကို ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး"

ရုန်ယိ မေးလိုက်၏။
"သူ့တန်ထျန်းကို ဖျက်ဆီးခဲ့တဲ့သူက မုန့်ဟွာလား"

ရှန်းလွီ့က ဟမ့်ခနဲလုပ်လိုက်ကာ
"ကျွန်တော့်အထင် သူ့တန်ထျန်းကို ဖျက်ဆီးခဲ့တဲ့သူက သူ့မှော်လက်နက်ကိုခိုးယူသွားတဲ့ စုန့်မောင်ဖြစ်လိမ့်မယ်.. မုန့်ဟွာက ကြံရာပါဘဲ.. မဟုတ်ရင် စုန့်မောင်မှာ တစ်ခြားကျိုရွှီဂိုဏ်းကတပည့်တွေကို သူ့အတွက် အလုပ်လုပ်ပေးဖို့ ခိုင်းစေနိုင်စွမ်း ဘယ်လိုလုပ်ရှိနေပါ့ဦးမလဲ"

ပုချီ မျက်မှောင်ကြုတ်သွားကာ
"ကျိုရွှီဂိုဏ်းကတပည့်တွေက သူများရဲ့တန်ထျန်းကို ဖျက်ဆီးရလောက်တဲ့အထိ မလိုတမာစိတ်တွေရှိနေမယ်လို့ မထင်ထားခဲ့မိဘူး"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now