*258* ချန်ထားရစ်ခဲ့ခြင်း(၆)

1.2K 253 7
                                    


"ဘယ်သူလဲ"

"မသိဘူး"

"ငါတို့အစီအရင် ပျက်စီးသွားနိုင်လား"

"မစိုးရိမ်နဲ့.. မပျက်စီးဘူး"

ယင်ကျင်းရဲ့က ဒီထိ တောက်လျှောက်လိုက်လာတာ တွေ့တဲ့အခါ စစ်ကျဲ့မှာ နှုတ်ခမ်းတွေအနည်းငယ်ကွေးတက်သွား၏။

ယင်ကျင်းရဲ့ အကုန်လုံးကို ဝေ့ကြည့်လိုက်ပေမဲ့ ပိုင်ယွမ်ချန်ကို မတွေ့ရတာကြောင့် သူချက်ချင်း သူ့လို ဒီအထိတောက်လျှောက်လိုက်ဖမ်းနေတဲ့ ချီလန်ကို အသံပို့မေးလိုက်သည်။

"မင်း ပိုင်ယွမ်ချန်ကို တွေ့သေးလား"

ချီလန် မျက်မှောင်ကြုတ်လိုက်သည်။
"သူလည်း ဒီမှာရှိနေတာလား"

"ထင်တာဘဲ.. ရှောင်ယိက သူနဲ့အတူရှိနေလိမ့်မယ်"

"တစ်ကယ်လား"

ယင်ကျင်းရဲ့က ပြန်မဖြေတော့ဘဲ အဲ့အစား ယင်ဟော့ယောင်ကို မေးလိုက်၏။

"ရုန်ယိ ဘယ်မှာလဲ"

"ငါမင်းကိုပြောပြီးသားပါ.. မင်းသာ ယင်ဟွေကို ငါ့ဆီပေးလိုက်တာနဲ့ ရုန်ယိဘယ်မှာဆိုတာ ငါပြောပြမယ်"

ယင်ကျင်းရဲ့ သူနဲ့အချိန်တွေ ဆက်ဖြုန်းမနေချင်တော့ဘဲ တိုက်ရိုက်သာ စတင်တိုက်ခိုက်တော့သည်။

ထို့နောက် ကောင်းကင်ထက်မှ နောက်ထပ် ပေါက်ကွဲသံကြီး ပေါ်ထွက်လာပြန်သည်။

ရုန်ယိဝတ်ဆင်ထားတဲ့ ဝတ်စုံတွေက ဒုတိယမိုးကြိုးရိုက်ချက်ကိုခံနိုင်အောင် ကူညီပေးခဲ့သည်။

ပိုင်ယွမ်ချန်က ပြောလိုက်၏။
"ဝတ်စုံက မင်းအတွက် လေးချက်ခံပေးနိုင်တယ်.. လေးချက်နောက်ပိုင်းကျရင်တော့ ငါ မင်းကိုယ်စား အစီအရင်ကို ခံယူခိုင်းမယ်.. မှတ်ထား.  မင်းအခုချိန်မှာ ဘာဒဏ်ရာမှရလို့မဖြစ်ဘူး"

ရုန်ယိ နှာခေါင်းသာရှုံ့လိုက်မိသည်။ သူအန္တရာယ်ကင်းကင်းနဲ့ လေးချက်ခံယူပြီးသွားတဲ့နောက် ပိုင်ယွမ်ချန်က အစီအရင်ကိုအသက်သွင်းလိုက်သည်။

မှောင်မည်းနေတဲ့တောအုပ်မှာ အလင်းရောင်တွေနဲ့ တလက်လက်တောက်ပနေတော့လေသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now