*256* ချန်ထားရစ်ခဲ့ခြင်း(၄)

1.3K 265 10
                                    



ရုန်ယိ အံ့သြသွားလေသည်။
"ခင်ဗျားပြောတာ ခင်ဗျားသဘောကျတဲ့သူက အနာဂတ်ကပေါ့.. သူလည်း ကျွန်တော့်လို ကူးပြောင်းလာပြီးမှ ဟိုဘက်ကိုပြန်ရောက်သွားတာလား"

ယခင်ကကိစ္စတွေကိုစဥ်းစားမိပြီး ပိုင်ယွမ်ချန်မှာ နှုတ်ခမ်းစွန်းလေးတွေ အနည်းငယ်ကွေးတက်သွား၏။
"ဟုတ်တယ်.. မင်းလိုမျိုးဘဲ.. သူလည်း အသုံးမဝင်တဲ့အမှိုက်အဖြစ် ကူးပြောင်းလာခဲ့တာလေ.. နောက်ဆုံးမှာ သူ့ကိုယ်ပိုင်ကြိုးစားမှုကြာင့် မသေမျိုးအဖြစ် အဆင့်တက်သွားနိုင်ခဲ့တယ်.. ပထမတော့ ငါတို့က ရန်သူတွေဘဲ.. နောက်တော့ တဖြေးဖြေးနဲ့ အချင်းချင်း ခံစားချက်တွေရှိလာကြတယ်.. ငါတို့ တစ်ယောက်နဲ့တစ်ယောက်သိတာ နှစ်ပေါင်းတစ်ထောင်လောက်ကြာမှသာ အတူတူရှိနိုင်ခဲ့ကြတာ...ငါ့မျိုးနွယ်ကသူတွေက သူကဂြိုဟ်ဆိုးတစ်ခုမလို့ ငါနဲ့ငါ့မျိုးနွယ်အတွက် ကံဆိုးမှုတွေဘဲ ယူဆောင်လာလိမ့်မယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတယ်..အဲ့တုန်းက ငါထင်ခဲ့တာက သူက လူသားဖြစ်နေလို့ကန့်ကွက်ကြတယ်ပေါ့.. ဒါကြောင့် ငါ့လူတွေကိုခေါ် မျိုးနွယ်ထဲကနေထွက်လာပြီး သူနဲ့အတူနေခဲ့ကြတယ်.. ဒါပေမဲ့ သိပ်မကြာလိုက်ဘူး.. ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခုရောက်လာတော့တာဘဲ.. ငါ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ရှေ့ သေသွားတာကြည့်နေရတဲ့အချိန် အတော်လေးဝမ်းနည်းကြေကွဲခဲ့ရတယ်.. ပြီးတော့ ငါ့မိဘတွေ..သူတို့က သေသွားတဲ့အချိန်ထိတောင်မှ ငါ့ကို သူ့ကိုထားခဲ့ဖို့ဘဲ တောင်းဆိုနေခဲ့ကြတာ.. နောက်ဆုံး ငါလည်း ငါ့မိဘတွေစကားကို နားထောင်ဖို့ဆုံးဖြတ်လိုက်တယ်.. သူကလည်း ငါဒီထက်ပိုပြီး မခံစားရတော့အောင်ဆိုပြီး အဲ့အချိန်တည်းက ငါ့ကိုရှောင်တော့တာဘဲ.. သူ အထက်ဘုံတက်လှမ်းနိုင်ပြီး မသေမျိုးနတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့အချိန်ကျမှသာ သူက ဂြိုဟ်ဆိုးလုံးဝမဟုတ်မှန်း သူသိသွားတယ်.. ဒီတိုင်း သူကအနာဂတ်ကရောက်လာတာဆိုတော့ လူများစွာရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေခဲ့တာ.. ဒါကြောင့် သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတာ.. သူဒီကမ္ဘာကနေထွက်သွားပြီး သူ့ကမ္ဘာသူပြန်သွားမှရမယ်.. ဒီတော့မှ သူနဲ့ပတ်သက်နေတဲ့ ဒီကမ္ဘာလူတွေ အရာတွေအကုန်လုံး ပုံမှန်ပြန်ဖြစ်သွားကြမှာ.. ဒါကြောင့်မလို့ နောက်ဆုံးမှာ သူထွက်သွားခဲ့တယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now