*221* ကိုယ်မစောင့်နိုင်တော့လို့

4.1K 666 18
                                    

ထိုည၌ ရုန်ယိတစ်ယောက် အိပ်ယာထဲမှာ လူးလှိမ့်နေပေမယ့် အိပ်မပျော်နိုင်သေးဘဲ ထိုရှေ့ဖြစ်ဟောဆရာပြောသွားတဲ့ စကားတွေသာ စိတ်ထဲ ထပ်ခါထပ်ခါပြန်ကြားယောင်နေမိသည်။ သူနဲ့ ယင်ကျင်းရဲ့တို့ ရှစ်လပိုင်းရှစ်ရက်နေ့မှာ လက်ထပ်ကြဖို့ စီစဥ်ထားကြပေမဲ့ နှစ်တစ်ရာအစည်းအဝေးပွဲကြီးနှင့် သွားတိုက်နေလေ၏။
ရှေ့ဖြစ်ဟောဆရာပြောသွားသလိုမျိုး သူနဲ့ယင်ကျင်းရဲ့တို့က တစ်ကယ်ဘဲ တွေ့ဆုံဖို့သာရေစက်ပါပြီး အတူရှိကြဖို့ ကံပါမလာဘူးလား...

ရုန်ယိ တစ်ဖက်က လွတ်နေတဲ့အိပ်ယာကို လှည့်ကြည့်လိုက်သည်။ အခုက ညဉ့် တစ်ချက်တီးနေပြီဖြစ်ပေမဲ့ ယင်ကျင်းရဲ့ ပြန်ရောက်မလာသေး။ ဒါကြောင့် သူထကာ အပြင်ဘက်က အစောင့်တစ်ယောက်ကို မေးကြည့်လိုက်သည်။
"မင်းတို့သခင်ရော.. သူဘာလို့ ပြန်မလာသေးတာလဲ"

အစောင့်က ပြန်ဖြေလာသည်။
"ကိုယ်ရံတော်တစ်ယောက် လာပြီး သတင်းပို့သွားပါတယ်.. သခင်က ဒီည မှော်လက်နက်သန့်စင်မှာမလို့ သူအိပ်ဖို့ပြန်မလာနိုင်လောက်ဘူးတဲ့.. သခင်လေးကို စောစောအိပ်နှင့်ပါလို့ ပြောပါတယ်"

"ဘာလို့တုန်း... မှော်လက်နက်တွေရော မှော်ကိရိယာတွေရော အကုန်ပြင်ဆင်ပြီးသား မဟုတ်ဘူးလား"
ရုန်ယိ သိချင်စိတ်ကြောင့် မှော်လက်နက်သန့်စင်တဲ့အခန်းကို လာကြည့်လိုက်ပေမဲ့ အစောင့်က သူ့ကိုတားလာ၏။

"သခင်လေးရုန်.. သခင်က ပြောထားပါတယ်။ ဒီည သူ့ကို ဘယ်သူမှ လာမနှောင့်ယှက်ပါစေနဲ့တဲ့"

"ငါပါ အပါအဝင်လား"

အစောင့်က ခေါင်းငြိမ့်ပြလာသည်။

"သူဘာတွေကို သန့်စင်နေတာမလို့ ဒီလောက်တောင် လျှို့လျှို့ဝှက်ဝှက်နဲ့လုပ်နေရတာလဲ"
ဒါက ရုန်ယိကို ပိုလို့တောင်သိချင်စိတ်ပြင်းပြလာစေသည်။ သို့သော်လည်း တံခါးက ပိတ်ထားပြီး အစီအရင်ပါချထားတာကြောင့် သူ့မှာ ချောင်းကြည့်လို့တောင်မရနိုင်ပေ။

ရုန်ယိ အခန်းကိုသာ ပြန်သွားလိုက်ရသည်။ မနက်အရုဏ်တက်ချိန်လောက်မှသာ ယင်ကျင်းရဲ့ ပြန်ရောက်လာ၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now