*259* ချန်ထားရစ်ခဲ့ခြင်း(၇)

1.2K 245 23
                                    


"ကျွန်မတို့ကိုအရင်စွန့်ပစ်ခဲ့တာ ရှင်လေ.. ရှင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အလိုဆန္ဒတွေကြောင့်နဲ့ ကိုယ့်သားအရင်းတောင်သတ်ဖို့လုပ်ပြီး သခင်ရှန်ကျဲ့ရဲ့ကျင့်ကြံခြင်းတွေကို ရှင့်အပိုင်လိုချင်တာနဲ့ဘဲ သူနဲ့ရင်ဆိုင်ရမယ်ဆိုပြီး မိတ်ဆွေတွေကိုလှည့်ဖျားခဲ့တယ်.. နောက်ဆုံး ချီမိသားစုတစ်ခုလုံး သခင်ရှန်ကျဲ့လက်ထဲ အဆုံးသတ်သွားခဲ့ရတယ်... ကျွန်မတို့ကိုလာအပြစ်တင်နေမဲ့အစား.. ဘာလို့ ကိုယ့်ဘာသာ ပြန်မဆင်ခြင်ကြည့်နေလဲ"

အနားကဖြတ်ပျံသန်းသွားကြတဲ့ကျင့်ကြံသူတွေက သူတို့ကို တအံ့တသြနဲ့လှည့်ကြည့်လာကြသည်။ ဒီလိုကျင့်ကြံခြင်းမိသားစုကြီးတွေရဲ့ အတွင်းပိုင်းမှာ ဒီလိုမသန့်ရှင်းတဲ့ကိစ္စတွေရှိနေပြီး ဒီလောက်ထိ သွေးအေးရက်စက်ကြလိမ့်မယ်လို့လည်း မထင်ထားခဲ့မိကြ။

ထိုအခိုက် ဒေါသတကြီးအော်ဟစ်သံတစ်သံကြားလိုက်ကြရသည်။

"ယင်ဟော့ယောင်.. မင်း ငါတို့မိသားစုခေါင်းဆောင်ကို သတ်ပစ်ခဲ့တာ.. ငါတို့ လက်စားပြန်ချေရမယ်ကွ!!"

ယင်သခင်မတို့တတွေ လှည့်ကြည့်လိုက်တဲ့အခါ ချီမိသားစုအကြီးအကဲတွေက ထုန်မိသားစုနဲ့ယင်မိသားစုကလူတွေကို ဦးဆောင်ကာ ယင်ဟော့ယောင်ဘက်ဦးတည်ပျံသန်းလာကြတာတွေ့လိုက်ရသည်။

ယင်သခင်မက ယင်မိသားစုကလူတွေကိုမေးလိုက်သည်။

"မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ"

"ယင်ဟော့ယောင် ထုန်မိသားစုခေါင်းဆောင်အဖြစ် ဟန်ဆောင်နေတုန်းက ကျုပ်တို့ယင်မိသားစုအခွဲကလူတွေကို နေရာတိုင်းမှာ ခက်ခဲအောင်လိုက်လုပ်ခဲ့တယ်... ဒါကြောင့် ဒီနေ့ ယင်ဟော့ယောင် ဘယ်လိုအဆုံးသတ်မလဲ လာကြည့်တာ.. လိုအပ်ရင် ထုန်မိသားစုဘက်ကပါ ကူညီပေးလိုက်မယ်"

သုံးနှစ်ကျော်တိုင်အောင် ထိုယင်မိသားစုအခွဲတွေမှာ မိသားစုကြီးတွေရဲ့ဖိနှိပ်မှုတွေအောက် အသက်တောင်မရှူနိုင်ခဲ့ကြ။ မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ယင်ဟော့ယောင်က သူတို့ကိုကူညီပေးရမဲ့အစား ရန်သူတွေဘက်ကနေတောင် နောက်ကျောဓားထိုးတာမျိုးလုပ်ခဲ့၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now